စတော်ဘယ်ရီသီးကတော့ အရသာရှိရုံတင်မက အဆီနဲ့ ကယ်လိုရီပါဝင်မှုနည်းပါးပါတယ်။ ဒါ့အပြင် အမျှင်ဓါတ်တွေ Antioxidant တွေ ကြွယ်ဝစွာပါဝင်လို့ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။
ပန်းသီး လိမ္မော်သီး နဲ့ ငှက်ပျောသီးတွေနဲ့ယှဉ်ရင်တောင် စတော်ဘယ်ရီသီးမှာ အဟာရဓါတ် ပိုမိုပါဝင်ပါတယ်။
ဆီးချိုအတွက်အကောင်းဆုံးစတော်ဘယ်ရီ
စတော်ဘယ်ရီသီးမှာ ကာဘွန်ဟိုက်ဒရိတ်ဓါတ် အနည်းငယ်ပဲပါဝင်ပြီး ဆီးချိုအတွက် အရမ်းကိုအကျိုးကျေးဇူးများတဲ့အသီးပါ။ ဒါ့ကြောင့် စတော်ဘယ်ရီသီးဖျော်ရည်ကို တစ်နေ့ ၂ ခွက်လောက်သောက်ပေးတာဟာ ဆီးချိုပမာဏကို အကောင်းမွန်ဆုံး ထိန်းထားနိုင်ပါတယ်။
ကိုယ်ခံအားစနစ်
စတော်ဘယ်ရီသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။
မျက်လုံး
စတော်ဘယ်ရီသီးမှာပါဝင်တဲ့ Antioxidant ဟာ မျက်စိအတွင်းတိမ်ဖြစခြင်းကို ကာကွယ်ပေးပါတယ်။
အရွယ်တင်နုပျိုခြင်း
အလှအပကြိုက်တတ်သူတွေကတော့ စတော်ဘယ်ရီသီးကို ကြိုက်နှစ်သက်ကြပါတယ်။ စတော်ဘယ်ရီသီးမှာAntioxidant တွေပါဝင်လို့ ဆံပင်ကျန်းမာသန်စွမ်းစေရုံသာမက အရွယ်တင်နုပျိုစေပါတယ်။
အရိုး
စတော်ဘယ်ရီသီးမှာ ပိုတက်ဆီယမ်၊ ဗီတာမင် K နဲ့ မဂ္ဂနီဆီယမ်ဓါတ်တွေပါဝင်လို့ အရိုးကို ကျန်းမာသန်စွမ်းစေပါတယ်။
Souce: healthyfoodproteam.com