သဘာဝကပေးတဲ့ အလှအပ ပစ္စည်းတွေဟာ မျက်နှာပေါ်က အရေးကြောင်းတွေ ဝက်ခြံတွေအပြင် အိုမင်းရင့်ရော်စေတဲ့ အညစ်အကြေးတွေကို တိုက်ဖျက်ရာမှာ အထိရောက်ဆုံးနဲ့ အကောင်းဆုံးဖြစ်ပါတယ်။
အခုဖော်ပြမယ့် အစားအစာ ၆ မျိုးကိုပေါင်းစပ်ပြီး ရှိရင်းစွဲအသက်ထက် ငယ်ရွယ်နုပျိုသွားအောင် ပြုလုပ်လိုက်ကြရအောင်ပါ။
သစ်ကြံပိုးခေါက်
သစ်ကြံပိုးခေါက်အမှုန့်ကို ရေနဲ့ ရောပြီး မျက်နှာပေါ်မှာ လိမ်းပေးတာဟာ ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွတ်တွေကို ပျောက်ကင်းစေပါတယ်။ ဒါ့အပြင် နှုန်ခမ်းသားကို ခပ်ထူထူလေး ထင်ရအောင် ဖြစ်စေတာမို့ နှုတ်ခမ်းပါးတဲ့သူတွေအတွက် အဆင်ပြေပါတယ်။
ပျားရည်
ပျားရည်မှာ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အကျိုးပြုတဲ့ သတ္တုဓါတ်တွေ အများအပြားပါဝင်ပါတယ်။ ဆဲလ်တွေကို ပြန်လည်ရှင်သန်စေပြီး အရေပြား အရေးကြောင်းတွေမဖြစ်အောင် ကာကွယ်ပေးနိုင်တာမို့ ငယ်ရွယ်နုပျိုစေမှာဖြစ်ပါတယ်။
သံလွင်ဆီ
သံလွင်ဆီဟာ အသားအရေ နုပျိုစေဖို့အတွက် အသုံးဝင်ဆုံး သဘာဝပစ္စည်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သံလွင်ဆီဟာ အရေပြားဓါတ်မတည့်တာမျိုးမရှိတဲ့အတွက် အရေပြားမှာ အရေးကြောင်းထင်တာသက်သာဖို့၊ အသားအရေ စိုပြေဖို့ နဲ့ ပိုးသားလေးလို နူးညံ့စေဖို့ သံလွင်ဆီ ၁ စက်ပဲလိုပါတယ်။
ခရမ်းချဉ်သီး
ခရမ်းချည်သီးဟာ ခြောက်သွေ့တဲ့ အသားအရေကို စိုပြေစေမှာဖြစ်ပါတယ်။ ခရမ်းချည်သီးကို ပါးပါးလှီးပြီး မျက်နှာပေါ်မှာ မိနစ် ၂၀ လောက် တင်ပေးထားရုံနဲ့ အသားအရေ စိုပြေလာစေမှာဖြစ်ပါတယ်။
သံပုယိုသီး
သံပုယိုသီးဟာ ဝက်ခြံဖြစ်စေတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။ သံပုယိုသီးမှာ ဗီတာမင် C ၊ ဗီတာမင် B၊ Phosphorus နဲ့ ကစီဓါတ် (Carbonhydrate) ဓါတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။
အာလူး
နုပျိုခြင်းရဲ့ အဓိကလျှို့ဝှက်ချက်တစ်ခုကို ပြောပါဆိုရင် အာလူးကို ပြောရမှာပါ။ အာလူး ဟာ မျက်နှာပေါ်မှာ အရေးကြောင်းဖြစ်တာ၊ မျက်နှာတင်းနေတာတွေကို ပျောက်ကင်းစေပြီး အသားအရေကို ချောမွတ်စေမှာဖြစ်ပါတယ်။ အာလူး အနှစ်ကို မျက်နှာပေါ်မှာ ၁၅ မိနစ်လောက် လိမ်းထားပေးလိုက်ရုံပါပဲ။ အာလူးမှာ ပိုတက်ဆီယမ်၊ ဗီတာမင် B6 နဲ့ ဗီတာမင် C စတဲ့ဓါတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။