ဆောင်းရာသီရောက်လာပြီဆိုတော့ ရာသီဥတုတွေက တဖြည်းဖြည်းအေးလာပါပြီ။ ရန်ကုန်မှာနေတဲ့သူတွေအတွက် သိပ်မသိသာပေမဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ် စတဲ့ တောင်းတန်းဒေသတွေမှာဆို အနွေးထည်ကိုယ်စီနဲ့ မီးပုံဘေးမှာ မီးလုံနေကြပြီလား တွေးမိပါတယ်။

scipro6-png
ရာသီဥတုအေးတဲ့အခါမှာ ကော်ဖီနွေးနွေးလေးတွေ၊ ဟင်းရည်ပူပူလေးတွေကို သောက်ချင်လာကြတာ သဘာဝပါပဲ။ ဒီနေ့မှာတော့ သိပ္ပံနည်းကျ ထောက်ခံချက်ရရှိထားတဲ့ ခန္တာကိုယ်ကို နွေးထွေးစေမဲ့ အစားအသောက် ၇ မျိုးကို ပြောပြချင်ပါတယ်။

၁။ ကော်ဖီ

scipro3-png
ကော်ဖီဟာ ခန္တာကိုယ်ကို အပူဓာတ်ထုတ်ပေးဖို့ ကူညီပေးပါလိမ့်မယ်။ ကော်ဖီကို ရေခဲထည့်ပြီး ကော်ဖီအေးဘဲ သောက်သောက် အပူပဲသောက်သောက် ကော်ဖီမှာ ကဖိန်းဓာတ်တွေ အများကြီးပါဝင်တာကြောင့် ခန္တာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို ပိုပြီး တက်ကြွအောင် လှုံ့ဆော်ပေးပါတယ်။

၂။ ဂျင်း

scipro7-png
ဂျင်းကလည်း သွေးလည်ပတ်မှုတွေကို ကောင်းစေပြီး ခန္တာကိုယ်ကို နွေးထွေးစေပါလိမ့်မယ်။ ဒါ့အပြင် အအေးမိတာတွေကိုလည်း သက်သာ ပျောက်ကင်းစေပါတယ်။ ဂျင်းကို ဟင်းရည် ဒါမှမဟုတ် တခြား ဟင်းလျာထဲတွင် ထည့်သွင်း စားသောက်နိုင်ပါတယ်။

၃။ ငရုတ်သီး အနီတောင့်

scipro2-png

ငရုတ်သီးပါတဲ့ စူးစူးရှဲရှဲ ဟင်းလျာတွေ စားလိုက်ရင်တော့ ခဏတဖြုတ် ချွေးတွေထက်ပြီး ခန္တာကိုယ်ကို နွေးသွားစေမှာဖြစ်ပါတယ်။

၄။ မြေပဲ

scipro1-png
မြေပဲတွေမှာ ဗီတာမင် B-3 ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် သွေးလည်ပတ်မှု၊ ဇီဝဖြစ်စဉ်တွေကို မြှင့်တင်ပေးပါတယ်။ ဒါ့ကြောင့် ခန္တာကိုယ် နွေးနွေးထွေးထွေး ဖြစ်စေဖို့ အဓိက လုပ်ဆောင်ပေးပါတယ်။

၅။ ဆန်အညို

scipro9-png
ဆန်အညိုမှာ ကစီဓာတ် (Carbohydrate) တွေ ပါဝင်တာကြောင့် စားပြီးတဲ့အခါမှာ စွမ်းအင်တွေ ထုတ်ပေးပြီး အပူဓာတ်ကို ခံစားမိမှာပါ။

၆။ စားအုန်းဆီ

scipro8-png
မြေပဲလိုဘဲ စားအုန်းဆီမှာ ကျန်းမာရေးနှင့် ညီညွတ်တဲ့ အဆီတွေ ပါဝင်ပြီး အဲ့ဒီအဆီတွေက ခန္ဓာကိုယ်နွေးစေတဲ့ စွမ်းအင်အတွက် လောင်စာဆီအဖြစ်ပြောင်းလဲသွားပါတယ်။ ဒါ့ကြောင့် ဇီဝဖြစ်စဉ်တွေ စွမ်းအင်တွေ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်ဖို့ အားပေးပါတယ်။

၇။ ရေခဲရေ

scipro4-png
ရေခဲရေ ဆိုတော့ ဟုတ်မှဟုတ်ပါ့မလားလို့ တွေးမိကြပါလိမ့်မယ်။ ဘဝတစ်လျှောက်လုံး ကြားရခဲ့သမျှ ခန္တာကိုယ်နွေးစေဖို့ အရည်ပူပူလေးတွေ သောက်ဖို့ပဲ သိထားခဲ့တာမလား။ ဒါပေမယ့် ခန္ဓာကိုယ်ရဲ့ အပူချိန်က ပြောင်းလဲနေပြီး တန်ပြန်ပြောင်းလဲမှု သဘောမျိုးရှိတာကြောင့် အပူအရည်တစ်ခုခု သောက်တာဟာ အအေးအရည်တစ်ခုခု သောက်တာထက် ခန္ဓာကိုယ် အပူချိန်ကို ကျဆင်းစေပါတယ်။ အဲ့ဒီလို တန်ပြန်သက်ရောက်မှုှုမျိုးရှိတာကြောင့် ရေခဲရည်သောက်ရင် ကိုယ့်ရဲ့ ခန္တာကိုယ် အပူချိန်က ပိုပြီး မြင့်တက်လာပါတယ်။