အားကစားရုံများတွင် ကြိုးစားပန်းစားလေ့ကျင့်ခန်းလုပ်ပြီးနောက် သို့မဟုတ် အပြေးလေ့ကျင့်ပြီးပြန်ရောက်လာသည့်အခါများတွင် လောင်ကျွမ်းသွားသည့် ကယ်လိုရီများနေရာတွင် အစားထိုးရန်အတွက် အစားအစာအချို့ကို စားသုံးပေးရန်လိုအပ်ပါတယ်။ ထိုအခါတွင် ပရိုတင်းနှင့် ကာဗိုဟိုက်ဒရိုတ်တို့ ကြွယ်ဝသောအစားအစာများကိုစားသောက်ရန် အလွန်အရေးကြီးပါတယ်။

ထို့ကြောင် ပင်ပင်ပန်းပန်းကြိုးစားထားရသော အားစိုက်မှုများကို အလဟဿမဖြစ်စေရန်အတွက် လေ့ကျင့်ခန်းလုပ်ပြီးသည့်နောက် လုံးဝစားသုံးရန်မသင့်တော်သည့် အစားအစာများကိုဖော်ပြပေးလိုက်ရပါတယ်။

၁။ ဟင်းသီးဟင်းရွက်အစိမ်းများ

အစိမ်းသာရှိသေးသောဟင်းသီးဟင်းရွက်များသည် လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်းကုန်ခမ်းသွားသောစွမ်းအင်နှင့် ဇီဝဖြစ်စဉ်ကို ပြန်လည်ထိန်းသိမ်းနိုင်ရန်အတွက် လုံလောက်သောကယ်လိုရီများမထောက်ပံ့နိုင်ပေ။

၂။ ဆီကြော်စာများ

အာလူးကြော်များ၊ ဘာဂါများကဲ့သို့သော အဆီများစွာပါဝင်သည့်အစားအသောက်များကိုလေ့ကျင့်ခန်းလုပ်ပြီးနောက် စားသုံးခြင်းမှရှောင်ရှားပါ။ ထိုကဲ့သို့အဆီများသည့်အစာများကိုစားသောက်လိုက်သည့်အခါ ရရှိလာအုံးမည့် အပိုကယ်လိုရိများနှင့်ကာဗိုဟိုက်ဒရိုတ်များကိုလောင်ကျွမ်းစေရန်အတွက် လေ့ကျင့်ခန်းထပ်မံလုပ်ဆောင်ရအုံးမှာဖြစ်ပါတယ်။

၃။ အာလူးကြော်များ

အငန်ဓာတ်အထူးပါဝင်သော အစားအစာများကိုစားသုံးခြင်းသည် လေ့ကျင့်ခန်းလုပ်ပြီးနောက် ကုန်ဆုံးသွားသည့် အားအင်များကို ပြန်လည်ဖြည့်တင်းရန်လိုအပ်သောပိုတက်စီယမ်ပမာဏကိုနည်းပါးစေသောကြောင့် ရှောင်ရှားစေလိုပါတယ်။

၄။ ပီဇာ

ပီဇာတစ်ချပ်တွင် အစာခြေဖျက်ရန်ခက်ခဲပြီး ဆိုးရွားသောအဆီများပါဝင်သည့် အသားများ၊ ချိစ်များပါဝင်၍ ကယ်လိုရီအမြောက်အမြားပြည့်ဝနေသောကြောင့် စားသုံးမိခြင်းမှ အထူးရှောင်ရှားရမှာဖြစ်ပါတယ်။

၅။ ဂတ်စ်ပါအအေးများ

သကြားနှင့်ဓာတုဆေးဝါးများအပြည့်ရှိပြီးအာဟာရဓာတ်နှင့် ရေဓာတ်ကိုဖြည့်တင်းပေးနိုင်သည့် စွမ်းရည်လုံးဝမရှိသည့်အပြင် သွားပိုးစားမှုကိုပါ ဖြစ်စေနိုင်ပါတယ်။

၆။ ချောကလက်

စွမ်းအင်မြှင့်တင်ရန်အတွက် အချိုဓာတ်လိုအပ်သည်မှန်သော်လည်းချောကလက်တွင်သကြားများဖြင့်ပြည့်နေပြီး ကယ်လိုရီအမြောက်အမြားပါဝင်ပါတယ်။

၇။ အားအင်ဖြည့်အချိုရည်များ

ခန္ဓာကိုယ်ကိုရေဓာတ်မဖြည့်တင်းပေးနိုင်ရုံသာမကကဖင်းဓာတ်ဖြင့်ပြည့်ဝနေသော ကာဗွန်နိတ်အအေးများဖြစ်သောကြောင့် သင့်ကိုဂတ်စ်များဖြင့်ပြည့်နေစေကာဖောရောင်နေစေနိုင်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်မှာလုံးဝမသောက်သုံးပဲ အားကစားလုပ်ပြီးသည့်နောက်မှာလည်းရေကိုသာသောက်သုံးပေးပါ။