နေ့စဉ်နေ့တိုင်း ရေပမာဏ လုံလုံလောက်လောက်ကို သောက်သုံးပေးခြင်းက အစာခြေဖျက်ခြင်း၊ သွေးလေလည်ပတ်ခြင်း၊ အစာစုပ်ယူခြင်း နှင့် အညစ်အကြေးစွန့်ပစ်ခြင်းတို့ကို ပုံမှန်ဖြစ်စေရန် ကူညီပေးတာကြောင့် ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ ကျန်းမာရေးကောင်းမွန်စေပါတယ်။ ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် အသားအရေမွဲခြောက်မှာတွေကိုလည်း စိုးရိမ်စရာမလိုတော့ဘဲ ကြည်လင်ဝင်းလက်တဲ့အသားအရေလေးကို ပိုင်ဆိုင်ရရှိနိုင်ပါတယ်။

ဒါ့အပြင် အခြားအခြားသော ကောင်းကျိုးတွေကိုလည်း ပေးစွမ်းနိုင်သေးတာကြောင့် လူတိုင်းလူတိုင်း သိထားသင့်တဲ့ ရေသောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ရပါတယ်။

ကိုယ်ခန္ဓာကျစ်လစ်မှုရှိစေခြင်း

ရေသောက်သုံးပေးခြင်းက ဇီဝဖြစ်စဉ်ကိုတိုးမြှင့်ပေးပြီး ပြည့်အင့်မှုကို ဖြစ်ပေါ်စေပါတယ်။ ရေသောက်သုံးခြင်းဖြင့် ကယ်လိုရီတက်စေနိုင်တဲ့ အစားအသောက်တွေမစားမိအောင် ဟန့်တားနိုင်သလို အစာမစားခင် ရေတစ်ခွက်သောက်သုံးပေးခြင်းဖြင့် ပိုမိုပြီးတော့ ပြည့်အင့်မှုဖြစ်အောင် ကူညီပေးပါတယ်။

အားအင်မြှင့်တင်ပေးခြင်း

အားအင်တွေကုန်ခမ်းပြီး နုံးချိနေတယ်လို့ ခံစားမိတယ်ဆိုရင် ရေတစ်ခွက်လောက် အဝသောက်လိုက်ပါ။ ရေဓာတ်ကုန်ခမ်းခြင်းကြောင့် ထိုကဲ့သို့ခံစားလာရနိုင်သည့်အတွက် သင့်တင့်လုံလောက်တဲ့ ရေပမာဏကို သောက်သုံးပြီးရေဓာတ်ပြန်ဖြည့်တင်းမယ်ဆိုရင် နှလုံးမှ သွေးပန်းထုတ်ရာတွင်ပိုမိုထိရောက်မှုရှိစေပါတယ်။ ထို့အပြင် လိုအပ်သောအာဟာရဓာတ်များနှင့် အောက်ဆီဂျင်တို့ကို ဆဲလ်များဆီသို့ရောက်ရှိအောင် သွေးကပို့ဆောင်နိုင်ဖို့ ကူညီပေးပါတယ်။

စိတ်ဖိစီးမှုလျော့နည်းစေခြင်း

ဦးနှောက်တစ်သျှူး၏ ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းခန့်ဟာ ရေများဖြစ်သည့်အတွက် ရေဓာတ်ခန်းခြောက်ပြီဆိုလျှင် ကိုယ်ရောစိတ်ပါ စိတ်ဖိစီးမှုတွေခံစားလာရနိုင်ပါတယ်။ ရေငတ်တယ်လို့ခံစားရပြီဆိုလျှင် ရေဓာတ်အနည်းငယ်ကုန်ခမ်းနေပြီဖြစ်လို့ အနီးအနားမှာ ရေတစ်ခွက် သို့မဟုတ် ရေဗူးကို ဆောင်ထားပြီး မှန်မှန်သောက်သုံးပေးပါ။

ကြွက်သားတင်းရင်းမှုရှိစေခြင်း

ရေမှန်မှန်သောက်သုံးပေးခြင်းက ကြွက်တက်မှုဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်ရဲ့ အရိုးအဆစ်များကို ချောမွေ့ပြေပြစ်မှုရှိစေပါတယ်။ ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေပြီဆိုပါက လေ့ကျင့်ခန်းလည်း အချိန်ကြာကြာလုပ်ဆောင်နိုင်ကာ နဂိုထက်လည်း ပိုမိုသန်စွမ်းလာမှာဖြစ်ပါတယ်။

အသားအရေကို အာဟာရဖြည့်တင်းပေးခြင်း

ရေဓာတ်ကုန်ခမ်းတဲ့အချိန်တွင် အရေးအကြောင်းများ၊ ပါးရေနားရေတွန့်ခြင်းတို့ဟာ ပိုမိုသိသာထင်ရှားလာပါတယ်။ ရေသောက်သုံးပေးခြင်းက အရေပြားရှိဆဲလ်များကို ရေဓာတ်ဖြည့်တင်းပေးပြီး ပြည့်ဖြိုးမှုရှိစေသည့်အတွက် ငယ်ရွယ်နုပျိုသည့်အသွင်ကို ပေးစွမ်းနိုင်ပါတယ်။ အညစ်အကြေးများကို ဖယ်ထုတ်ပစ်ပြီး သွေးလေ လည်ပတ်စီးဆင်းမှုကို တိုးမြှင့်ပေးတာကြောင့် အသားအရေကို ကြည်လင်ဝင်းပလာစေနိုင်ပါတယ်။

ကျောက်ကပ်တွင် ကျောက်တည်မှုကို တားဆီးပေးခြင်း

ယနေ့အချိန်မှာ ကျောက်ကပ်တွင် ကျောက်တည်သည့် ကျန်းမာရေးပြဿနာများ အဖြစ်များနေတာကို ကြားသိမိကြမှာပါ။ ထိုပြဿနာဖြစ်ပွားရသည့် အဓိကပြဿနာကတော့ ရေလုံလုံလောက်လောက်ကို မသောက်သုံးသည့်အတွက်ပါပဲ။ ကျောက်တည်မှုကို ဖြစ်လာစေနိုင်သော ဆီးအတွင်းမှ ဆားများ၊ သတ္တုဓာတ်များကို ရေမှအားလျော့စေသည့်အတွက် ကိုယ့်ရဲ့ကျောက်ကပ်ကို ကာကွယ်ဖို့အတွက် ရေများများသောက်ပေးပါ။

ရေသောက်သုံးတဲ့အခါမှာလည်း တွေ့ရာကြုံရာ ရေကို သောက်လို့မဖြစ်ပါဘူး။ နည်းစနစ်ကျကျ သန့်စင်ထားတဲ့ သောက်ရေသန့်ကောင်းကောင်းကို သောက်သုံးဖို့လိုအပ်ပါတယ်။ လက်ရှိဈေးကွက်မှာလည်း ရေသန့်အမှတ်တံဆိပ်အများကြီးရှိလို့ သေချာရွေးမှဖြစ်မယ်နော်။ လူသားအားလုံးရဲ့ ကျန်းမာရေးကိုရှေးရှုပြီးတော့ အကောင်းဆုံးကိုညွှန်းပါလို့ဆိုရင်တော့ အသစ်ထွက်ရှိထားတဲ့ Wave Plus သောက်ရေသန့်ကို ညွှန်းပေးချင်ပါတယ်။

Wave Plus သောက်ရေသန့်

ချစ်စရာကောင်းတဲ့ ရေသန့်ဘူးဒီဇိုင်းလေးနဲ့ Wave Plus ရေသန့်အမှတ်တံဆိပ်ဟာဆိုရင် လူအများရဲ့စိတ်ဝင်စားမှုကို အထူးရရှိထားပါတယ်။ အရည်အသွေးစစ်မှန်ကောင်းမွန်ရုံသာမက ကြည်လင်သန့်ရှင်းတဲ့ သောက်ရေသန့်ဘူးများကို ချိုသာတဲ့ဈေးနှုန်းများမှာ ရောင်းချပေးလျက်ရှိနေတဲ့အတွက် ကလေးလူကြီး ကျားမ မရွေး သောက်သုံးဖို့ အထူးသင့်တော်တဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။

အမြို့မြို့အနယ်နယ်မှ မိတ်ဟောင်းမိတ်သစ်များအတွက် ပြန်လည်ဖြန့်ချီရောင်းချလို၍ဖြစ်စေ လက္ကားမှာယူလိုတယ်ဆိုရင်တော့ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မှာယူနိုင်ပါကြောင်း သတင်းကောင်းပါးပေးလိုက်ရပါတယ်။

Sales Hot Line: 09-782525888, 01-551833, 01-544867
Business Sales Hot Line: 09-784242777, 09-954242777