လူတွေရဲ့ နေ့တစ်နေ့ စတင်ခြင်းဟာ အင်မတန် အရေးကြီးပါတယ်။ ကျန်းမာစေမယ့် အပြုအမူ အစားအသောက်တွေနဲ့ စတင်ခြင်းဟာ သင့်ကို တစ်နေ့တာ လန်းဆန်းနေစေပါတယ်။

၁။ မနက်စောစောထပါ

alarm_clock

မနက်ခင်းမှာ စိတ်ဖိစီးမှုတွေ များနေရင် တစ်နေကုန် လန်းဆန်းမှုကို သင်ရှာတွေ့နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် သင် အိပ်ယာက ထနေကြ အချိန်ထက် မိနစ် ၂၀-၃၀ လောက် စောပြီး ထကြည့်ပါ။ အားကစား တစ်ခုခု လုပ်ပါ ဒါမှမဟုတ် လေ့ကျင့်ခန်း လုပ်ပါ။ တရားထိုင်ပါ။

၂။ မနက်စာစားပါ

ဒါကတော့ ခဏခဏ တွေ့နေရတဲ့ စကားလုံးလို့တောင် ပြောရပါမယ်။ ဒါပေမယ့်လည်း အိပ်ယာထ နောက်ကျတာနဲ့ မနက်စာ လွတ်သွားတတ်ပါတယ်။ ဒါကြောင့် မနက်စောစောထခြင်းနဲ့ မနက်စာဟာ တွဲနေတာမို့ ကြိုးစားပြီး လုပ်ဆောင်ကြည့်ပါ။

၃။ မနက်စာမှာ အသီးအရွက် ပါအောင် စားပေးပါ

မနက်စာ စားတဲ့အခါ ကော်ဖီတစ်ခွက်လောက်နဲ့ ပြီးမသွားပါနဲ့။ ကြက်ဥနဲ့ အသီးအနှံတစ်ခုကိုတော့ ပါအောင် စားပေးပါ။

၄။ Multivitamin မှီဝဲပါ

အာဟာရ ပညာရှင်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ဗီတာမင်တွေကို ဖြည့်စွက်ဖို့ အတွက် လုပ်ဆောင်ပါ။ ဗီတာမင် တစ်ခု ချို့ယွင်းခြင်းဟာ သင့်ရဲ့ စိတ်ညစ်ညူးခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၅။ ရေသောက်ပါ

ရေကို အနည်းဆုံး ၄လီတာလောက်တော့ သောက်ပေးပါ။ တခါတရံ အလုပ်များနေလို့ မသောက်ဖြစ်လိုက်တဲ့ နေ့တွေတောင် ရှိတတ်ပါတယ်။ သင်ရဲ့ အလုပ်စားပွဲရဲ့ လက်တစ်ကမ်းမှာ ရေဘူးကို ထားကြည့်ပါ။ မြင်နေရင် သောက်ဖြစ်ပါလိမ့်မယ်။

၆။ အပေါ့စား လေ့ကျင့်ခန်းလေးတွေကို လုပ်ပေးပါ

မနက်စောစော လေ့ကျင့်ခန်း လုပ်ပေးရင်တော့ အကောင်းဆုံးပါပဲ။ ဒီလိုမှမဟုတ်ရင်တော့ ရုံးအတွင်းမှာပဲ အမြဲ ထိုင်နေတာမျိုး မလုပ်ဘဲ ဟိုသွား ထလာ လမ်းလျှောက်တာမျိုး၊ ခါးလေ့ကျင့် ခန်းတွေ လုပ်တာမျိုး ရေချိုးခါနီး ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်တာမျိုးတွေကို စမ်းကြည့်ပါ။

၇။ Stretch လေးတွေကို လုပ်ကြည့်ပါ

အိမ်မှာပဲ ယောဂကျင့်တာမျိုး လေ့ကျင့်ခန်း အတိုလေးတွေ လုပ်တာမျိုးတွေကို လုပ်ကြည့်ပါ။ သွေးလည်ပတ်မှု ကောင်းမွန်လာပြီး စိတ်ပျော်ရွှင်လာပါလိမ့်မယ်။

၈။ ဒိုင်ယာရီ ရေးပါ

ဒိုင်ယာရီ ရေးတဲ့ အကျင့်ကို စမ်းသပ်ကြည့်ပါ။ အကောင်းဆုံး ရင်ဖွင့်ဖော်ဖြစ်စေမှာပါ။

Source: sparkpeople