ရွှေဖရုံစေ့တွေမှာ အဟာရဓါတ်ကြွယ်ဝစွာပါဝင်ပြီး ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပါတယ်။
Prostate ဆီးကျိတ်
ရွှေဖရုံစေ့က အမျိုးသားတွေရဲ့ ကျန်းမာရေးအတွက် တကယ်ကို အကျိုးကျေးဇူးများတဲ့ အစားအစာပါ။ ဘာလို့လဲဆိုတော့ ရွှေဖရုံစေ့မှာ Zince(သွပ်) ပါဝင်မှုမြင့်မားပြီး ဆီးကျိတ်ကျန်းမာရေးအတွက် တကယ်ကို အထောက်အကူပြုပါတယ်။ သုတေသီတွေကတော့ ရွှေဖရုံစေ့ဆီနဲ့ ရွှေဖရုံစေ့တွေမှာ ဆီးကျိတ်ကျန်းမာရေးအတွက် အထောက်အကူပြုတယ်လို့ အကြံပြုထားပါတယ်။
ဆီးချိုရောဂါ
လေ့လာသူတွေက ရွှေဖရုံစေ့မှာ Insulin ရဲ့ လုပ်ဆောင်မှုကို မြှင့်တင်ပေးနိုင်ပြီး စိတ်ဖိစီးမှုကို လျှော့ကျစေတာကြောင့် ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
သွေးဆုံးပြီး အမျိုးသမီးများ
ရွှေဖရုံစေ့ကနေထုတ်တဲ့ အဆီက Phytoestrogens ဓါတ်ပါဝင်တာကြောင့် သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ သွေးပေါင်ကျတာ၊ ကိုယ်အပူချိန်တက်တာ၊ ခေါင်းကိုက်တာ၊ အဆစ်တွေနာတာ တွေနဲ့ တခြား လက္ခဏာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
နှလုံးနှင့် အသည်း
ရွှေဖရုံစေ့မှာ ကျန်းမာစေတဲ့ အဆီဓါတ်တွေ၊ ဓါတ်တိုးဆန့်ကျင့်တဲ့ဓါတ်တွေ၊ အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးနဲ့ အသည်းရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
အဆစ်ရောင်ခြင်း
ရွှေဖရုံစေ့မှာ ရောင်ရမ်းခြင်းကိုဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေပါဝင်နေတာကြောင့် အဆစ်ရောင်တာတွေကို ကုသပေးနိုင်ပါတယ်။ ရွှေဖရုံစေ့အဆီနဲ့ အစေ့ရောင်တဲ့နေရာမှာ လိမ်းပေးတာဟာ ဘေးထွက်ဆိုးကျိုးလည်းမရှိဘဲ ထိရောက်မှုရှိပါတယ်။
ဘယ်လိုစားမလဲ
ရွှေဖရုံစေ့ကို တစ်နေ ၈ စေ့ စားပေးပါ။ ရွှေဖရုံစေ့ကိုစားရမှာ ဒီအတိုင်း အစိမ်းစားသင့်ပါတယ်။ ဖရုံစေ့ကို ဝယ်ရာမှာလည်း လတ်လတ်ဆတ်ဆတ်ရှိမရှိ သေချာကြည့်ပြီးမှဝယ်ယူပါ။ အော်ဂဲလ်နစ်စနစ်နဲ့ စိုက်ပျိုးထားတဲ့ ရွှေဖရုံသီးရဲ့ အစေ့ကို စားသုံးပေးဖို့ ညွှန်းဆိုပါရစေ။