ဒီနည်းလမ်းလေးက မျက်နှာပေါ်မှာ အရေးအကြောင်းရှိနေသူတွေ အမာရွတ်ရှိနေသူတွေအတွက် အထူးသင့်တော်တဲ့နည်းလမ်းဖြစ်ပါတယ်။ ပျားရည်နဲ့ နွားနို့ဟာ ကျန်းမာရေးကို များစွာအထောက်အကူပြုနေရုံသာမက အလှအပအတွက်လည်း သိပ်ကိုအသုံးဝင်ပါတယ်။
ပျားရည်ကို ရှေးယခင်ကတည်းက အရေးကြောင်းတွေပျောက်ကင်းဖို့နဲ့အသားအရေ နူးညံ့စိုပြေနေစေဖို့ အသုံးပြုလာခဲ့ကြပါတယ်။
ပြုလုပ်နည်း
နို့မှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
ရေနွေး
ပြုလုပ်နည်း
ခွက်တစ်လုံးထဲကို နို့မှုန့်၊ပျားရည်နဲ့ ရေနွေးကိုရောပြီး မွှေလိုက်ပါ။ ပြီးရင်မျက်နှာပေါ်မှာ လိမ်းပေးထားပါ။
မျက်လုံးနားတဝိုက်ကိုတော့ ရှောင်ပေးပါ။ ၁၀ မိနစ်လောက်ထားပါ။ ပြီးရင် မျက်နှာသုတ်ပဝါကို ရေနွေးစွတ်ပြီး ငြင်သာစွာဖယ်ရှားပေးပါ။ ပြီးရင် ရေနွေးနဲ့ မျက်နှာသစ်ပါ။
ဒီနည်းကို တစ်ပတ် ၁ ကြိမ်လောက်လုပ်ပေးတာနဲ့ ရလဒ်ကောင်းတွေရလာတာကို လက်တွေ့ခံစားရမှာဖြစ်ပါတယ်။
Source: keepyourbody.org