ဆောင်းရာသီရောက်လာပြီဆိုတော့ ဒီအချိန်ဆို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် စသဖြင့် အအေးဓါတ်ပိုတဲ့နေရာမှာ အနွေးထည်ထူထူ ဝတ်နေရပြီပေါ့နော်။ ဒီအချိန်ဆို အသားပတ်လို့ ခြေဖိနှောက်ကွဲတာမျိုးဖြစ်တတ်ပါတယ်။

တစ်ချို့ဆိုရင် ဆောင်းရာသီမဟုတ်ဘဲနဲ့ကို ခြေဖိနှောက်ကွဲတာတွေလည်း ဖြစ်တတ်ပါတယ်။ အဲဒီလိုဖိနှောက်ကွဲတာကို ခဲနဲ့ ချေးတွန်းမယ်ဆိုရင်လည်း ခဏပဲသက်သာပြီး ပြန်ဖြစ်တာပဲ။ အသားအရေထိန်းသိမ်းမှုလုပ်မယ်ကြံလို့ အလှပြင်ဆိုင်သွားလိုက်ရင်လည်း ငွေကုန်ကြေးကျများပါတယ်နော်။ ပိုက်ဆံလည်း ချွေသာပြီးသားဖြစ်မယ် သဘာဝအတိုင်းလည်း ဖြေဖိနှောက်ကွဲတာကို သက်သာစေမှာကတော့ သံပုယိုသီးပါပဲ။

lemon

သံပုယိုသီးအရွယ်အစားကတော့ ခြေဖိနှောက်ကို ဖုံးနိုင်ဖို့ လုံလောက်တဲ့ အရွယ်အစားရှိပါတယ်။ ပထမဆုံး သံပုယိုသီးကို ထက်ခြမ်းခြမ်းပြီး အရည်တွေအားလုံးကို ညစ်ထုတ်လိုက်ပါ။

သံပုယိုသီးဖျော်ရည်ကိုလည်း ကျန်းမာရေးအရသောက်ရင်း အခွံကိုလည်း လွင့်ပစ်စရာမလိုတော့ဘူးပေါ့။

img_1939

အရည်ညစ်ထုတ်ထားတဲ့ သံပုယိုသီးကို ခြေဖိနှောက်မှာ ကပ်ထားလိုက်ပြီး ခြေအိတ်စွပ်ထားလိုက်ပါ။အဲဒီနောက် ၁ နာရီလောက်ထားပါ။ ပိုပြီး ရလဒ်ကောင်းတွေရချင်ရင်တော့ တစ်ညလုံးလည်း အိပ်လို့ရပါတယ်။ ခြေထောက်ကွဲအက်တာတွေ ပျောက်ကင်းသွားမဲ့အပြင် အရေပြားလည်း ချေမွတ်လာမှာဖြစ်ပါတယ်။

6557cd06c5055d6eb9cccbac5b7241f60b289239

အခုပြောပြတဲ့နည်းလမ်းက နည်းနည်းတော့ ထူးဆန်းနေတယ်လို့ ထင်မိပေမဲ့ လိုက်လုပ်ကြည့်တဲ့သူတိုင်း အကျိုးကျေးဇူးတွေအများကြီးရရှိခဲ့ကြပါတယ်။ သံပုယိုသီးကိုသုံးပြီး ခြေထောက်ကွဲတာကို Good Bye လို့နှုတ်ဆက်လိုက်ကြရအောင်ပါ။