တခါတရံ အရမ်း ပင်ပန်းနေပြီး စွမ်းအင်တွေ ကုန်းခန်းနေတယ်လို့ ခံစားနေရပါလား? အသားအရေတွေဟာ မွဲခြောက်လာပြီး မျက်ကွင်းတွေညိုလာတော မျိုးတွေ ဖြစ်နေပြီဆိုရင်တော့ သင်ရဲ့ ကိုယ်ခနာထဲမှာ အဆိပ်တွေများလာတယ်ဆိုတဲ့ လက္ခဏာ တစ်ရပ်ပါပဲ။ ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ များလာတဲ့အခါ ဖျားနာလွယ်ခြင်းနဲ့ အခြားဗိုင်းရပ်စ်တွေ ဝင်ရောက်လာဖို့ လွယ်ကူသွားပါတယ်။ ဒီလိုအခြေအနေ ဖြစ်လာပြီဆိုရင်တော့ ကိုယ်တွင်းက အဆိပ်တွေကို မြန်မြန်ထုတ်ပစ်ဖို့ လိုလာပါပြီ။

ပိတ်ရက်တွေမှာ ဒီအဆိပ်တွေကို ထုတ်ပစ်ဖို့ နည်းလမ်းကောင်းလေးတစ်ခု ရှိပါတယ်။ အဆိပ်ထုတ်နည်းဟာ ကိုယ်တွင်းက အဆီတွေကိုပါ ကျစေနိုင်တဲ့ အတွက် ကျန်းမာလှပတဲ့ နေထိုင်မှု ပုံစံကို ရရှိမှာဖြစ်ပါတယ်။ ၄၈နာရီပဲဆိုတော့ ပိတ်ရက်အတွင်း လုပ်ဖို့ အဆင်ပြေမယ့် နည်းလမ်းလေးပါ။

drinking-water

အဆိပ်ထုတ် အစီအစဉ်

မနက်တိုင်းမှာ အိပ်ယာနိုးနိုးချင်း ရေ 250ml သောက်ပါ။ ရေခဲရေ မရပါဘူး။

ပထမရက်

မနက်စာ – နိုးနိုးချင်း ရေသောက်ပါ။ အုတ်ဂျုံတစ်ခွက်စားပါ။ ရေ 200ml ဒါမှမဟုတ် Green Tea သောက်ပါ။ 200ml ဒိန်ချဉ် ဒါမှမဟုတ် Low Fat နွားနို့ သောက်ပါ။ ဒါမှမဟုတ် လတ်ဆတ်တဲ့ အသီးအနှံတစ်မျိုးကို အချိုမထည့်ဘဲ ဖျော်သောက်ပါ။

နေ့လည်စာ – သံလွင်ဆီနဲ့ အာလူးပြုတ်စားပါ။ ငှက်ပျောသီးအသေးတစ်လုံး စားပါ။ ဖရဲသီးတစ်စိပ်စားပါ။ ရေ 250ml သောက်ပါ။ အသီးအရွက်ဆိုရင် ခရမ်းချဉ်သီး၊ မာလကာသီး တို့ စားပေးပါ။

သရေစာ – ပန်းသီးတစ်လုံး၊ 180ml ဒိန်ချဉ်၊ ဖရုံစေ့ အနည်းငယ် စားလို့ရပါတယ်။ ရေ 250 ml သောက်ပါ။

ညစာ – ပါစတာ အနည်းငယ် စားလို့ရပါတယ်။ အသားကို ကင်ထား ပြုတ်ထားတာ စားလို့ရပါတယ်။ ဟင်းနုနွယ်ရွက်နဲ့ ပန်းပွင့်စိမ်းတို့ကို စားပါ။ သံလွင်ဆီနဲ့
သံပုရာရည်တို့နဲ့ Salad လုပ်စားလို့ ရပါတယ်။ ရေကတော့ ထုံးစံအတိုင်း 250 ml သောက်ပါ။

detoxification-plan

ဒုတိယနေ့

နိုးနိုးချင်း ရေသောက်ပါ။

မနက်စာ – ဒိန်ချဉ် သို့မဟုတ် ပဲနို့ 200ml သောက်ပါ။ အုတ်ဂျုံတစ်ခွက်စားပါ။ သစ်တော်သီးနဲ့ Green Tea သောက်ပါ။

သရေစာ – ဂရိတ်ဖရုတစ်လုံး စားပါ။

နေ့လည်စာ – အသီးအရွက် စွပ်ပြုတ်သောက်ပါ။(ပဲစေ့၊ အာလူး၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ တရုတ်နံနံပင်နဲ့ငရုတ်ကောင်းတို့ကို ရောပြုတ်သောက်ပါ။)
ကြက်ရင်ဖုံသားကင် ၂၀၀ဂရမ်စားပါ။ ရေ 250 ml သောက်ပါ။

ညစာ – ပါစတာ အနည်းငယ်စားလို့ ရပါတယ်။ ‘ဒါမှမဟုတ် ပေါင်မုန့်ညိုစားပါ။ မုန်လာဥနီကို သံပုရာရည်နဲ့ Salad စားပါ။

အစားအစာတွေက သိပ်ခက်ခဲတာတွေ မပါလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ အားလုံးပဲ ကျန်းမာပြီး လှပတဲ့ နေ့ရက်တွေ ပိုင်ဆိုင်ကြပါစေ။

Source: healthcareportal
Photo Credit: nycfit.com