ကြက်ဥပြုတ်က ကိုယ်အလေးချိန်လျှော့ချရာမှာ အကောင်းမွန်ဆုံးဖြစ်ပါတယ်။ ကြက်ဥနဲ့ ဝိတ်ချတဲ့နည်းကို ကျွန်မတို့ Page ကနေ ဖော်ပြပြီးဖြစ်ပေမဲ့ ဒီနေ့ကတော့ မတူညီခြားနားတဲ့ အကြောင်းကို မျှဝေပေးသွားဦးမှာပါ။ ၁၅ ရက်အတွင်း ရလဒ်ကောင်းတွေရရှိလာမှာဖြစ်လို့ ဘယ်လိုနည်းလမ်းလေးလဲဆိုတာ ကြည့်လိုက်ရအောင်နော်။
ကြက်ဥပြုတ်
ကြက်ဥမှာ ပရိုတင်းဓါတ် ကြွယ်ဝစွာပါဝင်နေပါတယ်။ ကြက်ဥတစ်လုံးမှာ ပရိုတင်းဓါတ် ၆.၂၈ ဂရမ်ထိ ပါဝင်နေတာပါ။ ဒါ့အပြင် ဗီတာမင် A ၊B2၊ B12၊ B5၊ D နဲ့ E စတဲ့ဓါတ်တွေအပြင် တခြားခကျန်းမာရေးအတွက်ရော ကိုယအလေးချိန်လျှော့ဖို့အတွက်ပါ အရေးပါတဲ့ ဂုဏ်သတ္တိတွေ များစွာပါဝင်နေပါတယ်။
ပထမနေ့
မနက်စာ = ကော်ဖီ တစ်ခွက်၊ ပေါင်မှုန့် တစ်ချပ်၊ ကြက်ဥပြုတ် ၁ လုံး
သရေစာ = အသီး တစ်စိတ် (သင်ကြိုက်နှစ်သက်ရာ)
နေ့လည်စာ = ကြက်သားပြုတ် ၁၅၀ ဂရမ်၊ ဟင်းသီးဟင်းရွက်စွပ်ပြုတ် ၊ အစိမ်းရောင်အရွက်သုပ် နဲ့ ကြက်ဥပြုတ် တစ်လုံး။
သရေစာ = အသီး တစ်စိတ် (သင်ကြိုက်နှစ်သက်ရာ)
ညစာ = ငါးသေတ္တာ အသေးတစ်ဘူး ၊ ပေါင်မှုန့် ၁ ချပ်၊ ခရမ်းချည်သီး ၁လုံး။
ဒုတိယနေ့
မနက်စာ = ကော်ဖီ တစ်ခွက်၊ ပေါင်မှုန့် ၁ ချပ်၊ ကြက်ဥပြုတ် ၁ လုံး။
အစာပြေ = သီးစုံဒိန်ချည်။
နေ့လည်စာ = ငါး ၁၅၀ ဂရမ်၊ ကြက်သားစွပ်ပြုတ်တစ်ပွဲ၊ ခရမ်းချည်သီးသုပ် တစ်ပွဲ။
အစာပြေ = ကြက်ဥပြုတ် ၂ လုံး။
ညစာ = အသီးအရွက်စွပ်ပြုတ်၊ ပေါင်မှုန့် ၁ ချပ်။
တတိယနေ့
မနက်စာ = ကော်ဖီ တစ်ခွက်၊ ပေါင်မှုန့် ၁ ချပ်၊ Pate အနည်းငယ် (အသား ၊ ဟင်းစီးဟင်းရွက်နဲ့ ပြုလုပ်ထားတဲ့ ဟင်းပွဲ)
အစာပြေ = ကြက်ဥပြုတ် ၂ လုံး။
နေ့လည်စာ = Spaghetti ၂၀၀ ဂရမ် ၊ အမဲသားစွပ်ပြုတ်၊ အစိမ်းရောင် အသီးအရွက်သုပ်။
အစာပြေ = သီးစုံဒိန်ချည်။
စတုတ္တနေ့
မနက်စာ = လက်ဖက်ရည် တစ်ခွက်၊ ပေါင်မှုန့် ၁ ချပ်၊ ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း ၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း။
သရေစာ = အသီး တစ်စိတ် ( သင်ကြိုက်နှစ်သက်ရာ )။
နေ့လည်စာ = အမဲသား ၂၀၀ ဂရမ်၊ ဟင်းနုနွယ်ဟင်းချို၊ ၊အစိမ်းရောင် အသီးအရွက်သုပ်။
သရေစာ = အသီး တစ်စိတ် ( သင်ကြိုက်နှစ်သက်ရာ )။
ညစာ = ပေါင်မှုန့် ၁ ချပ်၊ ငရုတ်သီးစိမ်း ၁ တောင့်၊ ဆန်ပြုတ် ၅၀ ဂရမ်၊ ကြက်သား ၁၀၀ ဂရမ်။
ပဉ္စမမြောက်နေ့
မနက်စာ = သံပုယိုရည် ၁ ခွက်၊ ပေါင်မှုန့် ၁ ချပ် ၊ Hot Dog ၁ ခု၊ အသီးအရွက်နဲ့လုပ်ထားတဲ့ ဆော့ဖ် စားပွဲတင်ဇွန်း ၁ ဇွန်း။
အစာပြေ = ကြက်ဥပြုတ် ၁ လုံး။
နေ့လည်စာ = ကြက်သား ၁၅၀ ဂရမ်၊ အစိမ်းရောင်အစင်းရှိ ပဲသီးပြုတ် (သို့) ကြော် ၁၀၀ ဂရမ်၊ ပေါင်မှုန့် ၁ ချပ်။
အစာပြေ = သီးစုံဒိန်ချဉ်
ညစာ = ပေါင်မှုန့် ၁ချပ်၊ ပြုပြင်ထားတဲ့ (Salami) အသား ၂ ပြား နဲ့ အသုတ်တစ်မျိုး။
အခုပြောပြခဲ့တဲ့ နည်းလမ်းကို ၅ ရက်ဆက်တိုက်ပြုလုပ်ပြီးရင် ၂ ရက်နားပါ။ အဲဒီနည်းလမ်းအတိုင်း နောက်ထပ် ၂ ကြိမ်ပြုလုပ်ပါ။ ဘေးထွက်ဆိုးကျိုးကင်းကင်းနဲ့ ကိုယ်အလေးချိန်လျှော့ချနိုင်ကြပါစေ။
မှတ်ချက်။ ။ ရုပ်ပုံတွေကို အဆင်ပြေသလို ဖော်ပြထားတာဖြစ်လို့ စာဖတ်သူတွေအနေနဲ့ စားသုံးရမဲ့ အစားအစာကို သေသေချာချာ ဖတ်စေချင်ပါတယ်။