မာလကာသီးမှာ ဗီတာမင် C နဲ့ ဗီတာမင် A ဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ မာလကာသီးတစ်လုံးမှာပါတဲ့ ဗီတာမင် C ဟာ လိမ္မော်သီးတစ်လုံးမှာပါတဲ့ဗီတာမင် C ထက် ၄ ဆပိုများပြီး ဗီတာမင် A ဓါတ်က သံပုရာသီးတစ်လုံးမှာပါတာထက် ၁၀ ဆပိုများပါတယ်။

ဒါ့အပြင် ဗီတာမင် B2 ၊ E ၊ K ၊ အမျှင်ဓါတ်၊ သံဓါတ် နဲ့ ပိုတက်ဆီယမ်ဓါတ်တွေပါဝင်ပါတယ်။

guava1

မာလကာရွက်ကလည်း အသားအရေ၊ ဆံပင်နဲ့ ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုစေပါတယ်။ မာလကာရွက်ရဲ့ အကျိုးကျေးဇူးတွေကို မျှဝေလိုက်ပါတယ်။

header-regrow-hair-stop-hair-loss-with-guava-leaves

၁။ မာလကာရွက်ဟာ ဆံပင်ကျွတ်တာကိုသက်သာပျောက်ကင်းစေပါတယ်။ မာလကာရွက်တစ်ချို့ကို ရေနွေးနဲ့ကျိုပြီး အအေးခံထားပါ။ ပြီးရင်အဲဒီအရည်ကို ဦးရေပြားပေါ် ညင်သာစွာလိမ်းပေးပြီး နာရီဝက်လောက်ထားကာ ခေါင်းလျှော်ချပါ။

၂။ အထူးသဖြင့် အမျိုးသားတွေ ကလေးမရတဲ့ ပြဿနာတွေကို ကုသပေးနိုင်ပါတယ်။

p-520x245

၃။ မာလာကာရွက်ကိုရေနွေးနဲ့ကျိုပြီး သောက်ပေးတာဟာ ဝမ်းလျှော ဝမ်းပျက်ခြင်းကို ကုသပေးနိုင်ပါတယ်။

၄။ ချောင်းဆိုးရင်ကြပ်တာကိုလည်း ပျောက်ကင်းစေပါတယ်။

၅။ မာလာကာရွက်ကိုရေနွေးနဲ့ကျိုပြီးသောက်တာဟာ အစာအိမ်အဆင့်သင့်တာတွေကို သက်သာစေပါတယ်။

407

၆။ ဆီးချိုသမားတွေဟာ မာလာကာရွက်ကို ရေနွေးနဲ့ကျိုပြီး သောက်ပေးသင့်ပါတယ်။ အဲဒီလိုသောက်ပေးတာဟာ သွေးတွင်းသကြားဓါတ်ကို လျှော့ချပေးပါတယ်။

၇။ မာလကာရွက်ကို ရေနွေးနဲ့ကျိုပြီး သောက်ပေးတာဟာ သွေးတွင်းမကောင်းတဲ့ကိုလက်စထရောပါဝင်မှုကို လျှော့ကျပေးနိုင်ပါတယ်။

၈။ မာလာကာရွက်ကို ဝါးပေးတာဟာ သွားကိုက်တာ၊ သွားဖုံးရောင်တာ နဲ့ ခံတွင်းမှာ အနာပေါက်တာတွေကိုလည်း သက်သာစေပါတယ်။

၉။ မာလကာရွက် ၉ ရွက်လောက်ကို ရေ ၅ ခွက်နဲ့ရောပြီး ကျိုပေးပါ။ အိုးတစ်ဝက်လောက် ရေခမ်းသွားတဲ့ထိထားပါ။ အဲဒီအရည်ကိုသောက်ပေးတာဟာ သွေးလွန်တုပ်ကွေးကို သက်သာစေပါတယ်။

crushed-kale-785x781

၁၀။ ဓါတ်မတည့်တာကြောင့်ဖြစ်တဲ့ ယားယံမှုတွေကိုသက်သာစေပြီး မာလာကာရွက်ကို ထောင်းပြီး ယားတဲ့နေရာမှာ လိမ်းပေးထားပါ။

၁၁။ ပိုးမွှားတွေကိုက်ခံရရင်လည်း အဲဒီလိုလိမ်းပေးပါ။

guava-leaf-e1468251323430

၁၂။ မာလကာရွက်မှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် ဝက်ခြံကို သက်သာစေပါတယ်။

၁၃။ မတော်တဆ ထိခိုက်ရှနာတာတွေအတွက် မာလာကာရွက်ကို ကြိတ်ပြီး လိမ်းပေးပါ။

၁၄။ ဆားဝက်ခြံတွေပျောက်ကင်းဖို့အတွက်ဆိုရင်တော့ မာလကာရွက်အနည်းငယ်ကို ထောင်းပြီး ရေအနည်းငယ်နဲ့ရောကာ ဆားဝက်ဆံရှိတဲ့နေရာမှာ သေချာပွတ်လိမ်းပေးပြီး မျက်နှာသစ်ပေးပါ။