အားလုံးပဲမင်္ဂလာပါနော်။ ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်ဟာ ဆေးပညာရပ်ဆိုင်ရာ အစွမ်းထက် အကျိုးကျေးဇူးတွေပါဝင်တဲ့ ပါဝင်ပစ္စည်းတွေ ဖြစ်ပါတယ်။ အတူတူရောပြီးသောက်ပေးမယ်ဆိုရင်တော့ ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာရှိနေပါတယ်။

ပျားရည်မှာ ဂလူးကို့စ်၊ သတ္တုဓာတ်၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ကလိုရင်း၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် ဓာတ်တွေပါဝင်ပြီး ရောင်ရမ်းမှုကိုပါ သက်သာစေသလို ဘက်တီးရီးယားကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။

သစ်ကြမ်းပိုးခေါက်မှာလည်း Antioxidant ပါဝင်ပြီး ဗီတာမင် A , K, D, E ပါဝင်ပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှုကိုပါ သက်သာစေပါတယ်။

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း နဲ့ သစ်ကြမ်းပိုးခေါက် မှုန့် အနည်းငယ် ကို တစ်နေ့ ၂ ကြိမ် တွဲစားပေးခြင်းအားဖြင့်…..

၁။ အဆစ်နာခြင်းကို သက်သာစေပါတယ်

အဆစ်နာခြင်း အဆစ်ရောင်ခြင်း ခံစားနေရတဲ့သူတွေအတွက် ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်မှာ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိနဲ့ Antioxidant ပါဝင်လို့ အဆစ်နာတာ၊ ရောင်တာကို သက်သာစေပါတယ်။

၂။ ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း

အရသာလည်းရှိသလို ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

၃။ ကောင်းမွန်စွာ အိပ်ပျော်စေတယ်

ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်ကို တွဲစားပေးခြင်းဖြင့် အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို သက်သာစေပါတယ်။

၄။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်ဟာ သင့်နှလုံးကိုကျန်းမာစေပါတယ်။ Antioxidant တွေပါဝင်လို့ သင့်နှလုံးစွမ်းဆောင်ရည်ကို မြင့်မားလာစေပါတယ်။

၅။ သာမန်ထိခိုက်ရှနာကို ကုသပေးခြင်း

ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်မှုန့်ကို သာမန် ထိခိုက်ရှနာတွေမှာ လိမ်းပေးခြင်းဖြင့် အနာအကျက်မြန်စေပါတယ်။

By: MyFood Myanmar