စံပယ်ရေနွေးကြမ်းက စိတ်နဲ့ ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်စေပါတယ်။ စံပယ်ပန်းပွင့်နဲ့ လုပ်ထားတဲ့ ရေနွေးကြမ်းမှာ Polyphenol ကွန်ပေါင်း၊ Antioxidnants တွေပါဝင်တာကြောင့် စိတ်ကို ကြည်လင်လန်းဆန်းတဲ့အပြင် ကျန်းမာရေးအတွက်လည်းကောင်းပါတယ်။

ဘက်တီးရီးယားတွေကို သေစေနိုင်

သွားကျန်းမာရေးကို အထိခိုက်နိုင်ဆုံး အစားအစာများ

စံပယ်ရေနွေးကြမ်းက ဘက်တီးရီးယားတွေ၊ ပိုးမွှားတွေကို သေစေနိုင်ပါတယ်။ Benzoic အက်ဆစ်၊ Benzyl Benzoate နဲ့ Benzaldehyde ကွန်ပေါင်းတွေ ပါဝင်တာကြောင့် ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။

အဲ့ဒီအပြင် အသားအရေတွေကို ကောင်းစေတဲ့ဓာတ်ပါဝင်တာကြောင့် စံပယ်ကို အလှကုန်တွေ၊ ခေါင်းလျှော်ရည်တွေမှာထည့်ထားပါတယ်။

အမာရွတ်တွေကို ပျောက်စေ

စံပယ်ရေနွေးကြမ်းမှာပါဝင်တဲ့ဓာတ်တွေက အမာရွတ်တွေ၊ဝက်ခြံတွေ၊ အနာတွေ ကို ပျောက်စေပါတယ်။ အဲ့ဒီအပြင် အသားအရေတွေကို စိုစွတ်စေပါတယ်။

သွေးဖိအားကို ထိန်းညှိပေးပြီး နှလုံးရောဂါကို ကာကွယ်ပေး

စံပယ် ရေနွေးကြမ်းက သွေးထဲက ကိုလက်စထရောတွေကို လျော့ချပေးတဲ့အပြင် သွေးဖိအားကို ထိန်းညှိပေးပြီး နှလုံးရောဂါ ကို ကာကွယ်ပေးပါတယ်။

စိတ်ကို တည်ငြိမ်စေ

စံပယ်အနံ့က စိတ်ကိုတည်ငြိမ်စေပြီး နှလုံးခုန်နှုန်းကို လျော့ကျပေးပါတယ်။

လေဖြတ်တာကို ကာကွယ်ပေးနိုင်

စံပယ်ရေနွေးကြမ်းက သွေးထဲက ကိုလက်စထရောကိုကျဆင်းစေပြီး လေဖြတ်တာကို လျော့ချပေးပါတယ်။

ကိုယ်အလေးချိန်ကို လျော့ချပေး

စံပယ်ရေနွေးကြမ်းက ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်စွမ်းရှိပါတယ်။ စပယ်ရေနွေးကြမ်းမှာပါဝင်တဲ့ဓာတ်တွေက Antioxidants တွေက ကိုယ်အလေးချိန်ကို လျော့ချပေးပါတယ်။