လူများသည် နေ့တိုင်းနေ့တိုင်း ဘာစားရမလဲဆိုတာကို အမြဲတမ်းရွေးချယ်မှုပြုလုပ်ကြရပါတယ်။ ယခုဖော်ပြမည့် အခွံမာသီးများ၊ အစေ့များများသည်လည်း လွယ်လင့်တကူရှာဖွေစားသုံးနိုင်ရုံသာမက အထူးအနေဖြင့် ရှာဖွေရခက်ခဲသည့်သတ္တုဓာတ်များ၊ ဗီတာမင်များကို ပေးစွမ်းနိုင်ပါတယ်။

ဒါကြောင့် မည်သည့်အစားအစာများက မိမိခန္ဓာကိုယ်ကို ကောင်းကျိုးအစုံအလင်တွေပေးစွမ်းနိုင်သလဲ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ရပါတယ်။

၁။ အယ်လ်မွန် (ဗီတာမင်အီး)

၁၀၀ ဂရမ်ပမာဏရှိသည့် အယ်လ်မွန်ကိုစားသောက်ခြင်းသည် ဗီတာမင်အီး ၁၁၅ ရာခိုင်နှုန်းကို နေ့စဉ်သုံးစွဲတာနှင့် ညီမျှပါတယ်။ ကိုယ်အလေးချိန်လျော့ကျလိုသူများ၊ ကျန်းမာရေးတိုးတက်လိုသူများ၊ အဆီများကိုထိရောက်မှုရှိရှိလောင်ကျွမ်းလိုသူများအတွက် အယ်လ်မွန်များသည် ကောင်းမွန်သည့်အစားအစာအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။

၂။ နှမ်းစေ့ (အားကောင်းသောအနီရောင်သွေးဆဲလ်တွေကို တည်ဆောက်ပေးခြင်း)

သံဓာတ်အလွန်ကြွယ်ဝရုံသာမက အရိုးသန်မာစေသည့် ကယ်လ်စီယမ်လည်း ပါဝင်ပါသေးတယ်။ ထိုမျှသာမက ကိုယ်ခန္ဓာကြီးထွားရန်အတွက် ကောင်းမွန်ပြီး အားကောင်းသောအနီရောင်သွေးဆဲလ်တွေကို တည်ဆောက်ပေးနိုင်ပါတယ်။

၃။ နေကြာစေ့ (ဗီတာမင်အီး)

ဗီတာမင်အီးသည် ရေဒီယိုသတ္တိလှိုင်းများကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးမှုများကို လျော့နည်းစေပါတယ်။ ထို့အပြင် နေကြာစေ့များသည် ဆဲလ်အသစ်များကို တည်ဆောက်ရန်အတွက် ပါဝင်သည့် အဆီနှင့်ပရိုတင်းများကို လောင်စာ၊ အရင်းအမြစ်အနေနှင့်အသုံးပြုပါတယ်။ အကယ်၍တနေ့တာအတွက် စွမ်းအင်ပိုမိုရှိထားလိုပါက နေကြာစေ့များက အကောင်းဆုံးသောရွေးချယ်မှုပဲဖြစ်ပါတယ်။

၄။ တရုတ်ဆီးသီးအစေ့ (ကင်ဆာတိုက်ဖျက်မှု)

သရေစာမုန့်အနေထက် ဆေးဝါးတစ်ခုအနေဖြင့် ပိုမိုအသုံးဝင်လှသည့် အစားအစာတစ်မျိုးဖြစ်ပြီး တရုတ်ဆီးသီးအစေ့၏ အကျိုးကျေးဇူးများသည် ကင်ဆာရန်မှ ကာကွယ်ပေးနိုင်ပါတယ်။

၅။ ဖရုံစေ့ (သတ္တုဓာတ်သုံးစွဲမှုကို မြှင့်တင်ပေးခြင်း)

ဖရုံစေ့များတွင် တိကျသည့်ဗီတမင်များပါဝင်သည့် အရင်းအမြစ်မဟုတ်သော်လည်းဘဲ အံ့အားသင့်စရာကောင်းသည့် သတ္တုဓာတ်အရင်းအမြစ်တစ်ခုတော့ဖြစ်ပါတယ်။ သည့်အပြင် ကိုယ်ခံအားစနစ်ကိုလည်း အထူးကောင်းမွန်စေသည့် အစားအစာတစ်မျိုးပါ။

၆။ တလည်းသီးအစေ့ (ဗီတာမင်စီမြင့်မားခြင်း)

တလည်းသီးအစေ့များသည် အူတွင်းကျန်းမာရေးကိုပါ မြှင့်တင်ကောင်းမွန်စေကာ ကိုယ်အလေးချိန်ကျဆင်းမှုအတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် အမျိုးအမယ်တစ်ခုဖြစ်ပါတယ်။