ဆံပင်ကျွတ်တာကတော့ ကျား၊မ မရွေး အရွယ်စုံ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။ ဆံပင်ကျွတ်တာကို သက်သာစေတဲ့ နည်းလမ်းတွေကို ကျွန်မတို့ရဲ့ ဘလောဂ့်ကနေလည်း အများအပြား ဖော်ပြခဲ့ဖူးပါတယ်။

ဒီတစ်ခါမှာတော့ ဆံပင်ကျွတ်တာကို သက်သာစေမဲ့အပြင် ဆံနွယ်လေးတွေကို သဘာဝအတိုင်း ပြန်လည်ရှင်သန်လာဖို့ နည်းလမ်းလေးကို မျှဝေပေးသွားမှာပါ။

မကြာသေးခင်က လေ့လာတွေ့ရှိချက်တစ်ခုက ဆံပင်ကျွတ်တာဟာ အစားအစာနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ အဟာရမပြည့်ဝတဲ့ အစားအစာတွေ စားသုံးတာဟာ ဆံပင်ကျွတ်တာကို ပိုပြီး အားပေးရာရောက်ပါတယ်။ ဆိုတော့ အာဟာရကို မျှမျှတတစားသုံးပေးဖို့လည်း လိုအပ်ပါတယ်။

ဆံပင်ကျွတ်တာတွေအတွက် သဘာဝနည်းလမ်းနဲ့ ကုသမယ်

banana-cuttingegg-yolkBeer glass on table.6a00e008d395a888340120a6ae56cb970b-320wi

ဒီကနေ့ခေတ်ဈေးကွက်မှာ ဆံနွယ်ကျွတ်တာကို တိုက်ဖျက်ပေးနိုင်တယ်ဆိုတဲ့ အလှကုန်ပစ္စည်းတွေ အများအပြား ရောင်းချနေကြပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်များတဲ့အပြင် ဘေးထွက်ဆိုးကျိုးလည်းရှိပါတယ်။ ဒါဆို ဘာလို့ ဓါတုပစ္စည်းတွေကို ငွေကုန်ကြေးကျခံသုံးနေဦးမှာလဲ။ အခုပြောပြမဲ့နည်းလမ်းလေးကို ကျင့်သုံးလိုက်ကြရအောင်ပါ။

ပါဝင်ပစ္စည်း

၁။ ငှက်ပျောသီး ၁/၂
၂။ ကြက်ဥအနှစ်
၃။ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
၄။ ဘီယာ ဖန်ခွက် တစ်ဝက်

ပြုလုပ်နည်း

ပြုလုပ်ရမဲ့ နည်းလမ်းကတော့ အရမ်းကိုရိုးရှင်းပါတယ်။ ပါဝင်ပစ္စည်းတွေအားလုံးကို ရောပြီး ဆံနွယ်ကျွတ်ထားတဲ့ နေရာတွေမှာ လိမ်းပေးပါ။ ၂ နာရီလောက်ထားပြီး ခေါင်းလျှော်ချပါ။