ပျားရည်နဲ့ သစ်ကြံပိုးခေါက်ဟာ ရိုးရာတိုင်းရင်းဆေးတွေမှာ ထင်ရှားတဲ့ သဘာ၀ ပစ္စည်းလေးတွေဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီပစ္စည်းတွေဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိတယ်ဆိုတာ လက်ခံထားကြလို့ပါပဲ။ အခုစာဖတ်သူတွေကို မျှဝေပေးမဲ့ ရိုးရာနည်းလမ်းလေး ကလည်း ဆံနွယ်လေးတွေကို ဝင်းလက်တောက်ပြောင်စေမှာဖြစ်လို့ စာဖတ်သူတွေ နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်။

ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှာ အဟာရဓါတ်ပြည့်ဝစွာပါဝင်တဲ့အပြင် ဦးရေပြားကို စိုပြေစေတာကြောင့် ဆံနွယ်အဖျားမှာကွဲတာ၊ ဗောက်ထတာ နဲ့ ဆံပင်ကျွတ်တာတွေကို ကာကွယ်ပေးပါတယ်။

ပြုလုပ်ရမဲ့ နည်းလမ်းလေးကတော့ ဒီလိုပါ။

ပါဝင်ပစ္စည်း

သစ်ကြံပိုးခေါက် အမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံလွင်ဆီ ၁/၂ ခွက်

ပြုလုပ်နည်း

 

olive-oil-being-poured-into-a-bowl

kill_pain_with_ginger_cinnamon

သံလွင်ဆီ ခွက်တစ်ဝက်ကို အိုး(သေးငယ်သောအိုး) ထဲထည့်ပြီး မီးဖိုပေါ်တင်ထားပါ။ ဆီ အနည်းငယ်ပူနွေးလာရင် မီးဖိုပေါ်ကချပါ။

ပန်းကန်တစ်လုံးထဲမှာ သံလွင်ဆီကို ထည့်ပြီး၊ သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်ထည့်ပါ။ အဲဒီနောက် သေချာလေးမွှေပေးပါ။

ဦးရေပြားပေါ် လိမ်းပေးဖို့အတွက် ပေါင်းဆေးလိမ်းတဲ့ဘီး ကိုအသုံးပြုနိုင်ပါတယ်။ ပထမဆုံး ခေါင်းအရင်ဖြီးပေးပါ။ အဲဒီနောက် ပေါင်းဆေးလိမ်းတဲ့ ဘီး နဲ့ အနောက်ကနေ အရှေ့ကို နှံ့စပ်အောင် လိမ်းပေးပါ။

အဲဒီနောက် အနည်းဆုံး ၁၅ မိနစ်လောက်ထားပါ။ ခေါင်းလျှော်ရည်နဲ့ လျှော်ချပြီး မိမိ ပုံမှန်သုံးနေတဲ့ ပေါင်းဆေးသုံးပါ။

အခုပြောပြခဲ့တဲ့ သဘာ၀ ပေါင်းတင်နည်းကို တစ်ပတ်မှာ တစ်ကြိမ်လောက်လုပ်ပြီး တောက်ပြောင် သန်စွမ်းတဲ့ ဆံနွယ်ကို အရယူလိုက်ဖို့ အကြံပြုလိုက်ရပါတယ်။