အမျိုးသမီးတွေရော အမျိုးသားတွေပါ နူးညံ့ချောမွတ်တဲ့အသားအရေကို ပိုင်ဆိုင်ချင်ကြပါတယ်။ လက်ချောင်းလေးတွေ အပါအဝင်ပေါ့ရှင်။ သူငယ်ချင်းအချင်းချင်းတွေ့လိုက်တိုင်း လက်ချောင်းလေးတွေက လှလိုက်တာလို့ ပြောတာမျိုး ဘယ်သူက မခံချင်မှာလဲ။

လက်ဖမိုးမှာ အရေးကြောင်းဖြစ်လာတာ အရေပြားတွန့်လာတာဟာ အသက်အရွယ်ရလာတယ်ဆိုတဲ့ လက္ခဏာရပ်ပါပဲ။

OLYMPUS DIGITAL CAMERA

လက်ကလေးဝှေ့ယမ်းလို့ နုတ်ဆက်တဲ့အခါ လက်ဆွဲနှုတ်ဆက်တဲ့အခါ လက်သည်းနီလေးဆိုးတဲ့အခါ နူးညံ့စိုပြေပြီး အရေးကြောင်းကင်းတဲ့ လက်ချောင်းလေးတွေကို ပိုင်ဆိုင်နိုင်ဖို့ သဘာဝနည်းလမ်းလေးတွေကိုမျှဝေပေးချင်ပါတယ်။

အာလူး

250px-BakedPotatoWithButter r_mashed_potaotes_2200612-r-xl-mashed-potatoes-with-manchego-and-olive-oil08-1473320367-castoroil

ပိုးသားလို နူးညံ့တဲ့ လက်ကလေးတွေပိုင်ဆိုင်နိုင်ဖို့ အာလူးက အဓိကပါဝင်ပစ္စည်းပါပဲ။ အာလူး အလယ်အလတ်လောက်ကို ယူပြီး မီးဖုတ်ပေးပါ။ ပြီးရင် ခက်ရင်းခွနဲ့ ကြေအောင်လုပ်လိုက်ပြီး သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၂ဇွန်း နဲ့ နွားနို့အနည်းငယ်ကိုထည့်ပြီး မွှေပေးပါ။။

ပြီးရင် လက်ပေါ်မှာလိမ်းပေးပြီး ၁၅ မိနစ်လောက်ထားကာ လက်ဆေးချပါ။ ဒီနည်းလမ်းအတိုင်း တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက်လုပ်ပေးပါ။ စောစောကပြုလုပ်ထားတဲ့ အရောတွေ လက်မှာလိမ်းလို့ ပိုနေရင်လည်း ရေခဲသေတ္တာထဲထည့်ပေးပြီး နောက်နေ့မှာ အသုံးပြုနိုင်ပါတယ်။

ကြက်ဥ

indexhoney

အသားအရေ တွန့်တာတွေအတွက် ကြက်ဥကို အသုံးပြုနိုင်ပါတယ်။ ကြက်ဥကိုခွဲလိုက်ပြီး အကာကိုယူပါ။ ပြီးရင် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ရောပြီး လက်မှာလိမ်းပေးပါ။ ခြောက်တဲ့ထိထားပြီး ရေဆေးချပါ။