ထိုင်ဝမ်မုန်ညှင်းလို့ခေါ်တဲ့ မုန်ညှင်းပင် အသေးထုပ်လေးဟာ စားလို့ကောင်းပြီး ကြော်ချက်ရတာ လွယ်ကူလှပါတယ်။ ဝါတွင်းကာလမှာ သတ်သတ်လွတ်စားနေသူတွေအတွက် အကောင်းဆုံး ဟင်းလျာတစ်ခွက်ဆိုလည်း မမှားပါဘူး။

အသားထက် သံဓာတ်တွေ ပါဝင်မှု ပိုများတဲ့ ဟင်းသီးဟင်းရွက်များ

ဒီမုန်ညှင်းပင်မှာ ကင်ဆာ ဆန့်ကျင်ပစ္စည်းနဲ့ အင်တီအောက်ဆီးဒင့် ဓာတ်ပေါင်းတွေ အများအပြား ပါဝင်ပါတယ်။ အီစထရိုဂျင် ဇီ၀ ဖြစ်ပျက်မှုကို လျင်မြန်စေနိုင်ပါတယ်။ အူမကြီးကင်ဆာရဲ့ နိမိတ်ဖြစ်တဲ့ အဖုအကျိတ်တွေကို ကြီးထွားမလာအောင် တားဆီးနိုင်စွမ်းရှိပါတယ်။

ထိုင်ဝမ်မုန်ညှင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

တစ်ပတ်တိတိ မုန်ညှင်းကို စားပေးတဲ့ အမျိုးသားတွေဆိုရင် အူမကြီး ကင်ဆာဖြစ်နိုင်ခြေ ၆၀% လျှော့ချပေးနိုင်ကြောင်း သုတေသန ပညာရှင်တွေက တွေ့ရှိထားပါတယ်။

အစာအိမ်ကင်ဆာ ဖြစ်ခြင်းကနေလည်း ကာကွယ်ပေးနိုင်သလို အစာအိမ်နာကျင်တဲ့ ရောဂါတွေကို ပျောက်စေပါတယ်။ မကောင်းတဲ့ ဘတ်တီးရီးယားတွေကို သေစေနိုင်တဲ့ အစွမ်း ရှိပြီး ကိုယ်ခံအားကို တိုးစေနိုင်ပါတယ်။