မုန့်ဖုတ်ဆိုဒါကို ဆံနွယ်တွေပေါ်မှာ လိမ်းပေးဖို့ တွေးဖူးကြပါရဲ့လား။ မုန့်ဖုတ်ဆိုဒါဟာ သင့်ရဲ့ ဆံနွယ်လေးတွေအတွက် အံ့သြစရာကောင်းတဲ့ အကျိုးကျေးဇူးအများကြီးရှိပါတယ်။

သင်ပုံမှန်လျှော်နေကျ ခေါင်းလျှော်ရည်နေရာမှာ မုန့်ဖုတ်ဆိုဒါကို အစားထိုးပြီး လျှော်နိုင်ပါတယ်။

အလှကုန်ပစ္စည်းတွေရဲ့ အကြွင်းအကျန်တွေကို ဖယ်ရှားပေးခြင်း

baking-soda-dandruff-hair-loss-2

ဆံနွယ်နဲ့ ပတ်သတ်တဲ့ အလှကုန်ပစ္စည်း (Spray ၊ Gal) တွေကို အသုံးပြုပြီး ဓါတုပစ္စည်းတွေဟာ ဦးရေပြားပေါ် ကပ်ကျန်နေရစ်တတ်ပါတယ်။ မုန့်ဖုတ်ဆိုဒါက အဲဒီအကြွင်းအကျန်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ကလိုရင်းဓါတ်ကိုဖယ်ရှားပေးခြင်း

hair-washing1

အထူးသဖြင့် ရေကူးတဲ့သူတွေအတွက် ရေကူးကန်မှာထည့်ထားတဲ့ ကလိုရင်းဓါတ်တွေက ဆံသားတွေကို ဘယ်လောက်ထိ ပျက်ဆီးစေတယ်ဆိုတာ ပိုသိကြပါတယ်။ ကလိုရင်းဓါတ်တွေက ဆံသားအရောင်တွေကိုပါ ပြောင်းသွားစေပါတယ်။ မုန့်ဖုတ်ဆိုဒါက ဦးရေပြားနဲ့ ဆံနွယ်တွေပေါ်မှာရှိနေတဲ့ ကလိုရင်းတွေကို ဖယ်ရှားပေးနိုင်ပြီး ဆံသားပျက်စီးတာကနေ ကာကွယ်ပေးနိုင်ပါတယ်။

ဆံပင်တွေရှည်လာဖို့ အားပေးခြင်း

shampoo

ဓါတုပစ္စည်းတွေကို သုံးတဲ့အခါ ဆံပင်ရှည်တာကို ရပ်တန့်သွားစေပါတယ်။ မုန့်ဖုတ်ဆိုဒါက ဆံသားတွေကို ခေါင်းလျှော်ရည်တွေထက်ပိုပြီး သန့်ရှင်းစေနိုင်ပါတယ်။ ဆံသားတွေပေါ်မှာ ကပ်နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပြီး ဆံပင်သန်ပြီး ရှည်လျားဖို့လည်း အားပေးပါတယ်။

ပြုလုပ်နည်း

baking-soda-e1462990338656

မုန့်ဖုတ်ဆိုဒါနဲ့ ခေါင်းလျှော်ချင်ရင်တော့ မုန့်ဖုတ်ဆိုဒါ ၁ ဆကို ရေ ၃ ဆနဲ့ ရောပြီး အသုံးပြုပေးရမှာပါ။

သင်ဆံပင်ဘယ်လောက်ရှည်လဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဆံပင် ပုခုံးလောက်ရှည်တဲ့သူတွေအတွက်ကတော့ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရေ စားပွဲတင်ဇွန်း ၆ ဇွန်းရောပြီး ခေါင်းလျှော်ပေးပါ။

ခေါင်းပေါ်မှာ မုန့်ဖုတ်ဆိုဒါနဲ့ ရေရောထားတာကို လိမ်းလိုက်ပြီးရင် မိနစ်အနည်းငယ်ထားပြီး ရေနွေးနဲ့ လျှော်ချပါ။

ဒါ့အပြင် ရေ ၄ ဆ နဲ့ ပန်းသီးရှာလကာရည် ၁ ဆကိုရောပြီး Essential Oil အနည်းငယ်ထည့်ကာ ခေါင်းလျှော်ပေးပါ။ အဲဒီလိုလုပ်နေချိန်မှာ မျက်လုံးကို မထိခိုက်မိစေဖို့ သတိပြုရပါမယ်။