အလှအပအတွက်ဆိုရင် သဘာ၀ အလှက အကောင်းဆုံးပါပဲ။ ဈေးကြီးတဲ့ အလှကုန်ပစ္စည်းတွေ ဘယ်လောက်သုံးသုံး နောက်ဆုံးတော့လည်း အသားအရေပျက်စီးတာကြောင့် စိတ်ညစ်ရပါတယ်။ အလှအပအတွက် ငွေကုန်ကြေးကျမခံဘဲ မီးဖိုချောင်သုံးပစ္စည်းလေးတွေကို အသုံးပြုလိုက်ရအောင်ပါ။
အာလူး
အိပ်ရေးမဝလို့ဖြစ်ဖြစ် တစ်ချို့ကတော့ အအိပ်လွန်သွားလို့ပဲဖြစ်ဖြစ် မနက်မိုးလင်းရင် မျက်လုံး ဖောင်းနေတတ်ပါတယ်။ အဲဒီလိုဖြစ်တာကို အာလူးက ကူညီပေးမှာပါ။ အာလူးကို ခြစ်ပြီး စားပွဲတင်ဇွန်း ၄ ဇွန်းစာလောက် မျက်လုံးနှစ်ဖက်ပေါ် တင်ပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ရေနွေးနဲ့ ဆေးချပါ။
လက်ဖက်အိတ်
မျက်လုံးတစ်ဝိုက်က အညိုရောင် အကွင်းတွေကို လက်ဖက်အိတ်က သက်သာပျောက်ကင်းစေမှာပါ။ လက်ဖက်အိတ် နှစ်အိတ်ကို ရေနွေးထဲစိမ်ပြီး မျက်လုံးမှိတ်ကာ ၁၅ မိနစ်လောက် တင်ထားပေးပါ။
ခရမ်းချည်သီး
အသားအရေ တင်းနေတာတွေအတွက် ခရမ်းချည်သီးကို အသုံးပြုလို့ရပါတယ်။ ခရမ်းချည်သီးကို လှီးပြီး မျက်နှာတစ်ဝိုက် ပွတ်တိုက်ပေးပါ။
ဆားနဲ့ သကြား
မျက်နှာပေါ်က ဆဲလ်အသေတွေကို ဆားနဲ့ သကြားကို အသုံးပြုပြီး ဖယ်ရှားပေးနိုင်ပါတယ်။ ဆား သို့ သကြားကို ဆီနဲ့ ရောပြီး မျက်နှာပေါ်လိမ်းပေးပါ။
သံလွင်ဆီ
ဆံပင်နဲ့ အသားအရေအတွက် သံလွင်ဆီက အကောင်းဆုံးပါပဲ။ အသားအရေကို နူးညံ့ချောမွေ့စေဖို့ အသုံးပြုနိုင်သလို ဆံပင် ပျော့ဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ လက်သည်းတွေ ခိုင်မာစေဖို့ အသုံးပြုနိုင်သလို မိတ်ကပ် Remover အနေနဲ့လည်း အသုံးပြုလို့ရပါတယ်။
ရှားစောင်းလက်ပက်
ခန္တာကိုယ် နေလှန်းတဲ့အခါ ရှားစောင်းလက်ပက်ကို အသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပက် အနှစ်ကို အသားအရေပေါ်လိမ်းပေးရမှာပါ။
ပျားရည်
ပျားရည်က ပြစ်မျိုးမှဲ့မထင် အသားအရေပိုင်ရှင်လေးဖြစ်ဖို့ သဘာဝကပေးထားတဲ့ အကောင်းဆ့ုးလက်ဆောင်မွန်ပါပဲ။ ပျားရည်ကို နှုတ်ခမ်းသား ခြောက်သွေ့တာတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ခြောက်သွေ့တဲ့ နှုတ်ခမ်းသားပေါ်မှာ ပျားရည်ကို လိမ်းထားပေးပါ။
သံပုရာသီး
သံပုရာသီးကို အရောင်ဆိုးထားတဲ့ဆံသား တွေအတွက် အသုံးပြုနိုင်ပါတယ်။ ဆံသားတွေကို နေလောင်ဒဏ်ကနေ ကာကွယ်ပေးဖို့ သံပုရာသီးက ကူညီပေးပါတယ်။ ဒါ့အပြင် ဒူးခေါင်း တစ်ဒေါင်ဆစ် မဲတာတွေအတွက် အသုံးပြုနိုင်ပါတယ်။ သံပုရာသီးကို အလယ်ကနေ ထက်ခြမ်းခြမ်းပြီး ပွတ်လိမ်းပေးပါ။ အရေပြား ရှထားရင်တော့ သံပုရာသီးကို အသုံးမပြုပါနှင့်။