Beet လို့ ခေါ်ပြီး မြန်မာလို နိုကိုဥလို့ လူသိများတဲ့ အစားအစာတစ်ခုဟာ စားကြတဲ့လူတော့ နည်းပါလိမ့်မယ်။ အနောက်နိုင်ငံတွေမှာတော့ ဖျော်ရည် သောက်ကြတဲ့ အထိကို လူကြိုက်များကြပါတယ်။
ကောင်းကျိုး
Source: Sci-News.com
ပါဝင်သော Fibre ကြောင့် မကောင်းသောအဆီ LDL (Bad-Cholesterol) ကို ကျစေပြီး ကောင်းသောအဆီ HDL (High Density Lipoprotein) ကို တက်စေသဖြင့် နှလုံးသွေးကြော ရောဂါကို ကာကွယ်ပေးသည်။ ၎င်း တွင် ပါဝင်သော Betaine မှ Homo-Cysteine ကို ကျစေသောကြောင့် သွေးကြောကို ကျန်းမာသန်စွမ်းစေ သဖြင့်လည်း နှလုံးသွေးကြောရောဂါ ကို ကာကွယ်ပေးသည်။
Source: indiaphile.info
Beetroot ၌ ပါဝင်သော Folate မှ သန္ဓေသား၏ ကျောရိုးမကို သန်စွမ်း စေရန် ကူညီပေးသည်။ ပါဝင်သော Beta Cyaninnis မှ အသားကို တာ ရှည်ခံရန်သုံးသော Nitrosamine ကို ချေဖျက်ပေးနိုင်သဖြင့် ကင်ဆာကို ကာကွယ်ပေးနိုင်သည်။ Betaine မှ Liver ကို ကောင်းကောင်းအလုပ်လုပ်ရန် လှုံ့ ဆော်ပေးသည်။ ပါဝင်သော Vitamin C မှ ရင်ကျပ် ရောဂါကို ကာကွယ်ရန် ကူညီပေး သည်။ ပါဝင်သော Beta Carotene မှ အဆုတ်ကင်ဆာကို ကာကွယ်ပေး သည်။
Source: ashlyns.co.uk
ကာဗိုဟိုက်ဒြိတ်မှ စွမ်းအင်ကိုရစေသည်။ ပါဝင်သော Vitamin A မှ အသက်ကြီး၍ အမြစ်စွမ်း အင်လျော့မှုကို ကာကွယ်ပေးသည်။ Potassium မှ သွေးပေါင်ကို ကျစေသဖြင့် လေဖြတ် ခြင်းကို ကာကွယ်ပေးသည်။ Boron မှ Sex Hormone ထုတ်လုပ်ရန် ကူညီပေး သည်။ ဝမ်းချုပ်ခြင်းကို သက်သာစေသည်။
Source: Medical News Today
ဆိုးကျိုးများ
၎င်းတွင်ပါဝင်သော Oxalate သည် ကျောက်တည်တတ်သဖြင့် ကျောက်ကပ်နှင့်သည်းခြေအိတ် ပြဿနာရှိသူများ ရှောင်ကြည်သင့်ပါ သည်။
Source: Organic Facts
Health Updates Journal