အခုလို မိုးရာသီဟာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ ပေါတဲ့ ရာသီဆိုရင် မမှားပါဘူး။ မိုးတွင်းကာလမှာမှ စားရတဲ့ အသီးအရွက်တွေလည်း ပေါသလို အခြား အသိးအနှံတွေဟာလည်း မိုးတွင်းမှာ ပိုပေါလှပါတယ်။ ဒီထဲကမှ တစ်ခုကတော့ ပြောင်းဖူးပါ။ ပြောင်းဖူး ပုံစံမျိုးစုံဟာ မိုးတွင်းမှာ ပေါပါတယ်။ နယ်ဘက်တွေမှာဆိုရင် အခင်းထဲက ပြောင်းဖူးကိုလတ်လတ်ဆတ်ဆတ် ချိုးပြီး ပြုတ်စား၊ ကြော်စား ကြပါတယ်။ လတ်ဆတ်တဲ့ အတွက် အရသာနဲ့ အနံ့ကတော့ ဆိုဖွယ်ရာ မရှိပါဘူး။
ပြောင်းဖူးကို သရေစာ အဖြစ်စားကြတာများပြီး ဟင်းအဖြစ်လည်း စားကြပါတယ်။ ဈေးချိုပြီး ၀ယ်ရလွယ်ကူလှတဲ့ ပြောင်းဖူးမှာ လူတွေကို အကျိုးပြုနေတဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်နေပါတယ်။ ပြောင်းဖူးမှာ ဗီတာမင် B1 ၊ ဗီတာမင် B5 ၊ ဖောလိတ်၊ ဗီတာမင် C ၊ ဗီတာမင် B9 ၊ Beta Cryptoxanthin ၊ Ferulic Acid၊ အမျှင်ဓာတ် တို့ ပါဝင်ပါတယ်။
ပြောင်းဖူးသည် ချိုသော အရာသာရှိသည့် အပြင် အနည်းငယ် ဖန်သော အရသာလည်း ရှိသည်။ ပြောင်းဖူးဟာ အခြား အသီးအရွက်ထက်ပိုပြီး အာဟာရဓာတ် များစွာ ပါဝင်ပါတယ်။ ဒါကြောင့် ပြောင်းဖူးကို သုပ်စားတာ ဒါမှမဟုတ် စွပ်ပြုတ်အနေနဲ့ စားတဲ့ အခါ ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။
ပြောင်းဖူးဟာ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။ မှတ်ဥာဏ်ကို အားကောင်းစေပါတယ် ။အမြင်အာရုံကို ကာကွယ်ပေးပါတယ်။ ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ သွေးတွင်း ကိုလက်စထရောကို လျော့ ကျစေပါတယ်။
ပြောင်းဖူး ပုံမှန် စားသုံးပေးပါက နှလုံး သွေးကြောများကို သန်မာစေသည်။ နှလုံးသွေးကြော စီးဆင်းမှုကို အထောက်အကူ ပြုစေသည်။ ထို့အပြင် အူမကြီး ကင်ဆာရောဂါ ဖြစ်ပွားမှု ကိုလည်း လျှော့ချနိုင် ပါတယ်။ ပြောင်းဖူး စားသုံးခြင်းသည် နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ် ပေးနိုင်ရုံ သာမက ကင်ဆာ ရောဂါ ဖြစ်ပွားမှုကိုလည်း လျှော့ချ ပေးနိုင်ပါတယ်။