အရက်သောက်ခြင်းကတော့ ကျန်းမာတဲ့ လူနေမှုပုံစံတော့ မဟုတ်ပါဘူး။ အရက်သောက်ရင် ဆုံးဖြတ်ချက် အမှားတွေ ချမှတ်နိုင်သလို တခြား ပြဿနာတွေလည်းရှိလာနိုင်ပါတယ်။

ဒါပေမယ့်လည်း အရက်ကို တာဝန်ယူမှု ရှိရှိနဲ့သောက်ရင်လည်း တခြားကောင်းကျိုးတွေလည်း အများကြီးရှိပါတယ်။

ဖျားနာခြင်းကို တိုက်ဖျက်နိုင်

10-reasons-why-drinking-gin-can-actually-be-good-for-you.w1456

Juniper Berries (ဘယ်ရီသီး) တွေက ကျန်းမာရေးအတွက် အရမ်းကောင်းတဲ့အသီးတွေဖြစ်ပြီး ဆေးဝါးအကျိုးအာနိသင်တွေလည်း အများကြီး ရှိပါတယ်။ Gin အရက်ကို အဓိကအားဖြင့် Juniper Berries (ဘယ်ရီသီး) တွေနဲ့ထုတ်လုပ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ရာပေါင်းများစွာကတည်းက Juniper Berries (ဘယ်ရီသီး)တွေက ချောင်းဆိုးတာနဲ့ အဆုတ်အအေးမိတာအတွက် ကောင်းပါတယ်။

အဆစ်အမြစ်ကိုက်တာအတွက် သက်သာ

1

အဆစ်အမြစ်တွေ ကိုက်ခဲနေရင် Gin အရက်အနည်းငယ်လောက် သောက်လိုက်ပါ။ Gin အရက်က အဆစ်အမြစ်ကိုက်ခဲ၊ ဂေါက် ရောဂါကြောင့် နာကျင်မှုကို သက်သာစေပါတယ်။ တချို့အားကစားသမားတွေဆိုရင် အဆစ်အမြစ်ရောင်တာကို သက်သာစေဖို့ Gin အရက်စိမ်ထားတဲ့ စပျစ်သီးခြောက်တွေကို စားသုံးကြပါတယ်။

အစာခြေစနစ်ကို အားကောင်းစေ

2

Gin အရက်က အစာအိမ်ရဲ့ အက်ဆစ်ပမာဏနဲ့ အစာခြေ အင်ဇိုင်းထွက်ရှိမှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒီအရည်တွေက အစာတွေကို မြန်မြန် ချေဖျက်ပေးပါတယ်။

ငှက်ဖျားရောဂါကို ကာကွယ်ပေး

3

ငှက်ဖျားဆေးတေ မသောက်သုံးဘဲ gin အရက်ချည်းဘဲသောက်ရမယ်လို့ မဆိုလိုပါဘူး။ ၁၈၀၀ ပြည့်နှစ်ကျော်လောက်ကတည်းက ငှက်ဖျားအဖြစ်များတဲ့ဒေသတွေမှာ ဆေးဖြစ်ဝါးဖြစ်အဖြစ် gin အရက်ကို သောက်သုံးလာကြတာပါ။ Gin အရက်မှာ ငှက်ဖျားကို ခုခံနိုင်တဲ့ ဓာတ်တွေလည်း ပါဝင်နေပါတယ်။

အသားအရေကို နုပျိုလှပစေ

4

Gin အရက်ကို အများကြီးသောက်တာမဟုတ်ဘဲ တစ်နေ့ကို တစ်ခွက်၊ နှစ်ခွက်လောက်ဘဲသောက်မယ်ဆိုရင် Antioxidants တွေ အများကြီးပါဝင်တာကြောင့် အသားအရေကို နုပျိုစေပါတယ်။