ဖန်ခါးသီးကို မြန်မာတွေက တို့စရာအဖြစ် စားကြတာများပါတယ်။ ဖန်ခါးသီးစားပြီး ရေသောက်လိုက်ရင် ချိုတဲ့အရသာရှိပြီး ခံတွင်းရှင်းစေတဲ့အသီးပါ။ အသီးက ဘဲဥပုံဆန်ဖြစ်ပြီး ညိုဝါရောင်ရှိပါတယ်။ အစေ့ပါပြီး အခွံဟာ အမြောင်းလေးတွေ အနည်းငယ်ပါပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် သဘာဝအလျောက် ပိုမိုဖြစ်ထွန်း ပေါက်ရောက်သည်။

Source: iStock

မြန်မာဆေးကျမ်းများအလိုအရ ဖန်ခါးသီးသည် ဖန်၏။ ချဉ်၏။ ခါး၏။ စပ်၏။ ပူ၏။  ဝမ်းမီးကို တောက်စေ၏။ သွေးသားကို စင်ကြယ်စေ၏။ မျက်စိကို ကောင်းစေ၏။ အထူးသဖြင့် အူနှင့်စပ်သော ရောဂါများ၊ အရေပြား ရောဂါ၊ ကိုယ်ရေဝါ မြင်းသရိုက်၊ ညောင်းကျ၊ ကြို့ထိုး၊ ဝမ်းဗိုက်အောင့်၊ အစာမကြေ ရောဂါတို့၌ သုံးရ၏ဟု ဖော်ပြထားပါတယ်။

Source: vitaminretailer.com

ဖန်ခါးသီးပြုတ်ရည်ကို နို့နှင့် ရောတိုက်ပါက အရက်မူးခြင်းပျောက်၏။ ဖန်ခါးသီး အခြောက်မှုန့် နှင့် အုန်းဆီရော၍ မီးလောင်ဖုများကို လိမ်းပေးသော် အနာ သက်သာစေသည်။ ဖန်ခါးသီးကိုထု၍ တစ်ညရေစိမ်ပြီး ထိုရေကြည်ဖြင့် မျက်စိကို ဆေးပေးပါက မျက်စိနာကျင် ကိုက်ခဲခြင်းပျောက်၏။ ဖန်ခါးသီး ကို အမှုန့် ကြိတ်ပြီး နို့နှင့်သောက်ပါက အနာရောဂါကင်း၍ အသက်ရှည်စေသည်။ အမြဲတမ်း မမှီဝဲသော်မှ ၇ ရက် တစ်ကြိမ် မှီဝဲနိုင်ပါသည်။ အသီးကို ဝမ်းနုတ်ဆေး ဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြု၏။ ဝက်ခြံကို အမြစ်ပါထွက်အောင် ဖန်ခါးသီးအစေ့ကို ဆန်ဆေးရည်နဲ့ သွေးလိမ်းပေးရင် ပျောက်ကင်းစေပါတယ်။

Ref: swansone