ငါးကလေးတွေဟာ လူတွေရဲ့ စားစရာဆိုပေမယ့်လို့ မိတ်ဆွေကောင်းဖြစ်နေတယ်ဆိုတာကော သင်သိပါသလား။ ငါးချစ်သူများအတွက် ကောင်းမွန်တဲ့ကျန်းမာရေး ရရှိဖို့ လွယ်ကူပြီးသား ဖြစ်နေပါပြီ။ ငါးစားသုံးခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးလေးတွေ ကြည့်လိုက်ကြဦးစို့ ။

ပင်လယ်ငါးလေးတွေမှာ ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ ဗီတာမင်နဲ့ သက်စောင့်ဓာတ်တွေပါပါတယ်။ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ Protein, Iodine, Fatty Acid, Omega 3 တို့ကို ငါးလေးတွေမှ အဓိက ရပါတယ်။

လူတော်တော်များများမှာ လိုအပ်တဲ့ ဗီတာမင် D ကို ငါးလေးတွေက ဖြည့်ပေးပါတယ်။ Heart Attack လို့ခေါ်တဲ့ ရုတ်တရက် နှလုံးတိုက်ခိုက်ခံရခြင်းကို ငါးစားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

Docosahexaenoic Acid လို့ခေါ်တဲ့ DHA က အမြင်အာရုံနဲ့ဦးနှောက်ကိုဖွံ့ဖြိုးစေပါတယ်။ ငါးစားရင် မျက်စိအားကောင်းပြီး ဉာဏ်ရည်တိုးတက်လာပါလိမ့်မယ် ။

ဦးနှောက်ထဲက Grey Matter ကိုတိုးတက်စေပြီး အိုမင်းလာတဲ့အခါ မှတ်ဉာဏ်ယိုယွင်းမှုကို ခုခံပေးပါတယ်။ အသက်ကြီးလာလေ ငါးကိုပိုစားသုံးပေးသင့်လေပါပဲ။

စိတ်ကျရောဂါကို ငါးလေးများက ကာကွယ်ပေးပါတယ်။ ငါးစားရင် အခြားသူများထက် ပျော်ရွှင်မှုကို ပိုမိုခံစားရပါတယ်။ စိတ်ကျရောဂါအတွက် ကုသမှုများ ဆေးဝါးများထက် ငါးစားခြင်းက ပိုမိုထိရောက်စွာ ကုသပေးနိုင်ပါတယ်။

ကိုယ်ခံအားနည်းနေရင် ငါးစားပေးသင့်ပါတယ်။ ဆီးချိုရောဂါကိုလည်း ကာကွယ်ပေးထားနိုင်ပါတယ်။

ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ ပန်းနာရင်ကြပ်ကို ငါးလေးများက တိုက်ခိုက်နိုင်ပါတယ်။ ဆေးစစ်တွေ့ရှိချက်များအရ ငါးစားသုံးသော ကလေးများဟာ ပန်းနာရင်ကြပ် ဖြစ်ခဲကြပါတယ်။

ချောင်းဆိုးတာကို သက်သာပျောက်ကင်းစေမယ့် ကြက်သွန်နဲ့ မုန်လာဥနီ

ငါးစားခြင်းဖြင့် အမြင်အာရုံတိုးတက်စေပါတယ်။ အိပ်ပျော်စေချင်ရင် ငါးစားပေးလို့ရပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ငါးများများ စားပေးနိုင်ပါတယ်။

ငါးဟာ ပြင်ဆင်ချက်ပြုတ်ဖို့အတွက် အလွယ်ဆုံး ဟင်းလျာလည်းဖြစ်ပါတယ်။ ကြော်စား ချက်စား ပြုတ်စား ကင်စား ပေါင်းစား ဟင်းမျိုးစုံတဲ့အပြင် အမြင်လည်းလှတဲ့အတွက် အဓိက ဟင်းချက်စရာဆိုလည်း မမှားပါဘူး။ ငါးကို တစ်ပတ်တစ်ခါ စားပေးသင့်ပါတယ် ကျန်းမာရေးအတွက် သိသိသာသာ အထောက်အကူပြုပေးလို့ ငါးစားကြဖို့ မမေ့ပါနဲ့နော်။