လူအများစုက ဝိတ်တက်လာလို့ စိတ်ညစ်နေတဲ့အချိန်မှာ ဘယ်လောက်များများစားပေမယ့်လည်း ဝိတ်မတက်လာတဲ့သူတွေလည်း ရှိကြပါတယ်။ ဘယ်လောက်စားစား ဝိတ်မတက်လာရခြင်း အကြောင်းအရင်းတွေကတော့ ကိုယ်စားသုံးလိုက်တဲ့ ကယ်လိုရီပမာဏထက် သုံးစွဲလိုက်တဲ့ ကယ်လိုရီပမာဏက ပိုများနေလို့ပဲဖြစ်ပါတယ်။

ဒါဆိုရင် ဝိတ်အမြန်တက်အောင် ဘယ်လိုအစားအစာလေးတွေ စားသုံးသင့်သလဲ။

အာလူး

အာလူးမှာ ကာဗိုဟိုက်ဒြိုက်ဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး သကြားဓာတ်လည်း ကြွယ်ဝတာကြောင့် ပိန်ပါးတဲ့သူတွေ မှီဝဲသင့်တဲ့အစားအစာပဲဖြစ်ပါတယ်။ Sandwiches တွေ စားသုံးတဲ့အခါ တွဲဖက်စားသုံးတဲ့ အာလူးချောင်းများကိုတော့ သရေစာမုန့်အဖြစ်စားသုံးနိုင်ပါတယ်။ ဒါပေမဲ့ အချိန်ကြာကြာအထားခံအောင် Snack အထုပ်လေးနဲ့ ထုပ်ပိုးထားတဲ့ အာလူးကြော်များထဲမှာတော့ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ဆီတွေ ပါဝင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ အာလူးထောင်း၊ အာလူးပြုတ်၊ အာလူးမီးဖုတ်တို့ကျတော့ ကျန်းမာရေးနဲ့လည်း ညီညွှတ်ပြီး ကိုယ်အလေးချိန်တက်လာအောင် ကူညီပေးပါလိမ့်မယ်။

ပါစတာနှင့် ခေါက်ဆွဲ

အဆီလောင်ကျွမ်းမှုကို မြန်စေတဲ့ ဆယ်မွန် ခေါက်ဆွဲ ကြော်ကို လုပ်စားရအောင်

ပါစတာ၊ ခေါက်ဆွဲ စတာတွေကို နည်းအမျိုးမျိုးနဲ့ ပြင်ဆင်ချက်ပြုတ်ကြပြီး အရသာလည်း အင်မတန်ရှိပါတယ်။ ကယ်လိုရီပမာဏလည်း သိပ်သည်းစွာပါဝင်တဲ့အတွက် ဝိတ်တက်ချင်ရင် များများစားသုံးပေးပါ။ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ များများစားစားရရှိချင်တယ်ဆိုရင်တော့ ဟင်းသီးဟင်းရွက်များများ ထည့်ကြော်ပေးလိုက်ပါ။

ဒိန်ခဲများ

ကယ်လိုရီပမာဏ မြင့်မားစွာပါဝင်ပြီး အာဟာရဓာတ်လည်း ပေါကြွယ်ဝတဲ့ နို့ထွက်ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဒိန်ခဲအမျိုးအစားပေါင်း ၃၀၀ ကျော်ရှိတာကြောင့် မိမိနှစ်သက်တဲ့အရသာကို ရွေးချယ်စားသုံးနိုင်ပါတယ်။ ကယ်လစီယမ်ဓာတ်၊ ဖော့စဖရက်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင် အေ၊ ဗီတာမင် ဒီစတဲ့ ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် အရိုးတွေကိုလည်း ကြံ့ခိုင်သန်မာစေပါတယ်။

ကြက်ဥ

တစ်နေ့ကို အနည်းဆုံး ကြက်ဥတစ်လုံး မှန်မှန်စားပေးပါ။ ဒါပေမဲ့ အလွန်အကျွံ အများကြီး မစားမိဖို့တော့လိုပါတယ်။ အများဆုံး ၂ လုံးကနေ ၃ လုံးအထိ စားသုံးပေးသင့်ပါတယ်။ ကိုယ်အလေးချိန် တက်လာပြီဆိုတာနဲ့ စားသုံးနေကျ ပမာဏကို တစ်လုံးချင်းစီ လျော့ချပြီး နောက်ဆုံးမှာတော့ တစ်နေ့တစ်လုံးစီ စားပေးရပါမယ်။

ရေခဲမုန့်

ရေခဲမုန့်ကြိုက်နှစ်သက်တဲ့ ရေခဲမုန့်ချစ်သူတွေအတွက် သတင်းကောင်းလေးတစ်ခုပါပဲ။ ရေခဲမုန့်ထဲမှာ ကာဗိုဟိုက်ဒြိုက်၊ ကယ်လစီယမ်၊ ပိုတက်စီယမ်၊ ဖော့စဖရက်နဲ့ ဗီတာမင်အေတို့ ပါဝင်တဲ့အတွက် နေ့စဉ်မှန်မှန်စားသုံးပေးမယ်ဆိုရင် ကိုယ်အလေးချိန် အမြန်တက်စေပါတယ်။ ဒါပေမဲ့ လည်ချောင်းနာနေတဲ့အချိန်၊ ချောင်းဆိုး အအေးမိနေတဲ့အချိန်မှာတော့ ခဏမေ့ထားဖို့ လိုမယ်နော်။

Source: stylecraze.com