ကျောက်ကပ်က အသက်ရှင်သန်ရေးအတွက် အင်မတန်မှ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ စုပုံနေတဲ့ ပိုလျှံနေသောရေများ၊ သွေးထဲမှ အဆိပ်အတောက်များကို ဖယ်ရှားပေးဖို့အတွက် ကျောက်ကပ်က လုပ်ဆောင်ရပါတယ်။ ဒါ့အပြင် သွေးပေါင်ချိန်ကို ထိန်းညှိပေးရတဲ့ အလုပ်ကို တာဝန်ယူထားရတာကလည်း ကျောက်ကပ်ပဲဖြစ်ပါတယ်။

ဝမ်းနည်းစရာတစ်ခုကတော့ ကျွနု်ပ်တို့ လူသားတွေက အသက်ရှင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ထိုအင်္ဂါအစိတ်အပိုင်းများကို အလေးမထားခြင်းပဲဖြစ်ပါတယ်။ အမျိုးသား ကျောက်ကပ်ဖောင်ဒေးရှင်းအဖွဲ့ရဲ့ ပြောကြားချက်အရ လူသန်းပေါင်းများစွာက ကျောက်ကပ်ပျက်စီးခြင်း ရောဂါကို ခံစားနေကြရတာပဲဖြစ်ပါတယ်။

ကျောက်ကပ်အားနည်းသွားတဲ့အခါ၊ ပျက်စီးသွားတဲ့အခါ အကောင်းပကတိအတိုင်း ပြန်ဖြစ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် ဆေးကုသစရိတ်ကလည်း သိန်းနဲ့ချီပြီး ကုန်ကျတတ်ပါတယ်။ ဒါ့ကြောင့် မဖြစ်ခင်က ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျောက်ကပ်မပျက်စီးဖို့အတွက် ကျောက်ကပ်အားကောင်းဖို့အတွက် သေချာဂရုစိုက်သင့်ပါတယ်။

အခုဖော်ပြပေးမယ့် အစားအစာတွေနဲ့ သင့်ရဲ့ ကျောက်ကပ် ကျန်းမာရေးကောင်းအောင် ကူညီပေးလိုက်ပါ။

ရေ

အမျိုးသမီးတစ်ဦးအနေနဲ့ တစ်နေ့ကို ရေ ၈ ခွက် သောက်သုံးသင့်ပြီး အမျိုးသားတစ်ယောက်အနေနဲ့ကတော့ တစ်နေ့ကို ရေ ၁၃ ခွက် သောက်သုံးသင့်ပါတယ်။ ထိုပမာဏကတော့ အမျိုးသား၊ အမျျိုးသမီးတစ်ဦးအတွက် တစ်နေ့တာလိုအပ်တဲ့ ပျမ်းမျှရေပမာဏပဲဖြစ်ပါတယ်။

ဂေါ်ဖီထုပ်

Cabbage

ဂေါ်ဖီထုပ်က ကျောက်ကပ်အားကောင်းရုံတင်မကဘဲ ကင်ဆာရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ စတဲ့ရောဂါများမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဂေါ်ဖီထုပ်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်နေပါတယ်။

ငရုတ်ပွအနီရောင်

ငရုတ်ပွအနီရောင်မှာ ပိုတက်စီယမ်ဓာတ် နည်းပါးစွာပါဝင်တဲ့အတွက်ကြောင့် ကျောက်ကပ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ သင့် ကျောက်ကပ် ကောင်းစွာ အလုပ်လုပ်ဆောင်နိုင်ဖို့ရန်အတွက် ကူညီထောက်ပံ့ပေးနိုင်တဲ့ ဆေးဖက်ဝင်အစားအစာပဲဖြစ်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်နီက ဆေးဖက်ဝင်တယ်ဆိုရင် ကြက်သွန်ဖြူကိုလည်း မေ့ထားလို့ မရပါဘူး။ ကြက်သွန်ဖြူက ဆီးချိုသမားတွေအတွက်လည်း အထောက်အပံ့ပေးစွမ်းတဲ့ အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။

ကညွှတ်

ကညွှတ်မှာ ကယ်လိုရီဓာတ်နည်းပါးပြီး ဗီတာမင် ကေ၊ ဗီတာမင် အေနဲ့ ဗီတာမင် စီတို့ ကြွယ်ဝစွာပါဝင်တဲ့ အစားအစာပဲဖြစ်ပါတယ်။ သူ့ကို မှန်မှန်စားသုံးပေးမယ်ဆိုရင် ကျောက်ကပ်နဲ့ ပတ်သက်တဲ့ရောဂါများ ခံစားရမှာမဟုတ်တော့ပါဘူး။

ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီမှာ ဗီတာမင်စီ၊ အမျှင်ဓာတ်နဲ့ Folate ဓာတ်တို့ ပါဝင်တာကြောင့် ကျောက်ကပ်အတွက်သာမက အသည်းကျန်းမာရေးအတွက်လည်း ကူညီထောက်ပံ့ပေးနိုင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပဲဖြစ်ပါတယ်။

ပန်းသီး

ပန်းသီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်၊ အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အပြင် မကောင်းတဲ့ ကိုလက်စတောများကို လျှော့ချပေးခြင်း၊ နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း၊ ကင်ဆာနဲ့ ဆီးချိုရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း စတဲ့အစွမ်းသတ္တိများ ပိုင်ဆိုင်ထားပါတယ်။

Source: stylecraze.com