ငှက်ပျောသီး မှည့်လာတဲ့အခါ သူ့မှာ ပါဝင်တဲ့ အာဟာရဓါတ်ပါဝင်မှုကလည်းပြောင်းလဲသွားပါတယ်။ ပိုပိုပြီး မှည့်လာလေ ပိုပြီး ချိုလာလေလေပါပဲ။ ငှက်ပျောသီးမှာ ပါဝင်တဲ့ အင်ဇိုင်းလ်ကြောင့်ဖြစ်ပါတယ်။
ငှက်ပျောသီးမှည့်ကိုစားပေးတာဟာ အကျိုးကျေးဇူးတွေ များစွာရှိပါတယ်။ ဂျပန်သုတေသနပညာရှင်တွေက ငှက်ပျောသီးမှာ Antioxidant နဲ့ ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်တယ်ဆိုတာ ပြသခဲ့ပါတယ်။
ငှက်ပျောသီးမှည့်ကိုမှ အစက်အပျောက်တွေပါတဲ့ ငှက်ပျောသီးမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ TNF ဆိုတဲ့ ဂုဏ်သတ္တိတစ်မျိုးပါဝင်ပါတယ်။ အစက်အပျောက်တွေပိုများလေလေ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ ပိုများလေလေဖြစ်ပြီး ပိုမှည့်ရင် ကင်ဆာတိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိ ပိုများပါတယ်။
အားကစားသမားတွေအတွက်ကတော့ အားဆေးတစ်လက်ပါပဲ။
ငှက်ပျောသီးမှည့်မှာ အမည်းရောင်အစက် ၈ စက်ပါတဲ့ ငှက်ပျောသီးဟာ ငှက်ပျောသီးအစိမ်းထက် သွေးဖြူဆဲလ် ပိုများပါတယ်။
ငှက်ပျောသီး မှည့်လေလေ သကြားဓါတ်ပါဝင်မှုများတာကြောင့် သကြားရှောင်နေတဲ့သူတွေအတွက် ငှက်ပျောသီးမှည့်ကိ အစားထိုး စားပေးနိုင်ပါတယ်။ ဆီးချိုရှိတယ်ဆိုရင်တော့ ငှက်ပျောသီး အစိမ်းကို ပြုတ်သောက်သင့်ပါတယ်။ အမှည့်ကိုစားမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။