ပြီးခဲ့တဲ့ အပတ် စနေနေ့ ဇူလိုင်၂၈ ရက်နေ့က နှစ်စဉ် ကျင်းပမြဲဖြစ်သော မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကလေးပွဲတော်တစ်ခုဖြစ်တဲ့ ဆွေးနွေးပွဲလေးကို တပ်မတော်ခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲလေးကို BOLT ကနေ Title Sponsor အဖြစ် အဓိက ကူညီပံ့ပိုးပေးခဲ့ပါသည်။ နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ်မှာတော့ တက်ရောက်သူပေါင်း ၁၀၀,၀၀၀ ကျော် ရှိခဲ့ပြီး ကလေးငယ်များအတွက် Talent Show စွမ်းရည်ပြပြိုင်ပွဲ၊ မိသားစုဆင်တူဝတ်စုံ ဓာတ်ပုံပြိုင်ပွဲ၊ မြန်မာ့ရိုးရာ ယောင်ပေစူး ဓာတ်ပုံပြိုင်ပွဲနှင့် လက်ချောင်းလေးများနဲ့ ဆေးရောင်ခြယ်ကြမယ် ဆိုတဲ့အစီအစဉ်များ အပါအဝင် တစ်ခြားသော စိတ်ဝင်စားဖွယ် အစီအစဉ်ပေါင်းများစွာကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ တာကိုလည်းတွေ့ရပါတယ်။
နောက်ပြီး BOLT မှ မြန်မာကလေးများ ပွဲတော်သို့ လာရောက်ခဲ့ကြတဲ့ ထောင်ပေါင်းများစွာသော ပွဲလာသူများအတွက် အာဟာရပြည့် BOLT Malted Milk နဲ့ BOLT Malted Chocolate Milk တို့ကို အခမဲ့ တိုက်ကျွေးခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်လေးကတော့ ဒီ မြန်မာကလေးများပွဲတော်မှာ ထောင်ပေါင်းများစွာသော မိဘများကို ကလေးများ နှင့်အတူ အသိပညာပေး ဆွေးနွေးပွဲတစ်ခု အနေနဲ့ ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
BOLT မှ ပြုလုပ်ခဲ့သော စစ်တမ်းအရ မြန်မာနိုင်ငံရှိ မိခင် အများစုသည် မိမိတို့ ကလေးငယ်များ ရောဂါတစ်စုံတစ်ရာ မဖြစ်ပွားသရွေ့ ကျန်းမာတယ်လို့ ယူဆထားကြတာတွေ့ရပါတယ်။ ဒီလို အယူအဆကို ပြောင်းလဲနိုင်ဖို့အတွက် အစာအာဟာရ၊ ဗီတာမင်နှင့် သတ္တုဓာတ်များ ပြည့်ဝစွာရရှိပါက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖွံ့ဖြိုး စေနိုင်ကြောင်း စတဲ့အကြောင်းအရာတွေ အပါအဝင် ကလေးတစ်ယောက်အတွက် ပြီးပြည့်စုံတဲ့ ကျန်းမာရေးအကြောင်းကို ပိုမို သတိပြုမိလာကြစေရန် ရည်ရွယ်ပြီး BOLT ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။
BOLT ထဲမှာ ပါဝင်သော အရွယ်ရောက်စ ကလေးငယ်များအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် ၁၀ မျိုးနဲ့ သတ္တုဓာတ် ၁၀ မျိုးတို့ကြောင့် မိဘတွေဟာ မိမိတို့ရဲ့ ကလေးငယ်များအတွက် နေ့စဉ် လုံလောက်သော အာဟာရဓာတ်များ ရရှိစေရန် BOLT ကိုတိုက်ပေးခြင်းက အထောက်အကူပြုပေးနိုင်ကြောင်း အသိပညာပေး ဆွေးနွေးပေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲလေးကို GENIUS Learning Academy မှ Early Childhood Educator ဖြစ်သူ ဦးသူရကျော်၊ အာဟာရ ပညာရှင် ဒေါက်တာ ညီညီကျော်နှင့် BOLT Myanmar မှ Marketing Manager ဖြစ်သူ ဒေါ်တင်မျိုးဆက်တို့ မှ ဦးဆောင်ပြီး စကားဝိုင်းတစ်ခုအနေနဲံ ထည့်သွင်း ဆွေးနွေးခဲ့ကြတာပဲဖြစ်ပါတယ်။
BOLT မှ ဦးဆောင်ပြီး ထိုကဲ့သို့ ပွဲတော်လေး ပြုလုပ်ပေးခဲ့တဲ့အပြင် မြန်မာနိုင်ငံတစ်ဝန်းရှိ ဝယ်ယူအားပေးသူများအတွက် အထူးကံစမ်းမဲ အစီအစဉ်တစ်ခုကိုလည်း ပြုလုပ်ပေးလျက်ရှိပါတယ် ။ BOLT ၂၀ ဂရမ် အထုပ်သေး တစ်ထုပ် ဝယ်ယူတိုင်း ငွေကျပ် ၁၀,၀၀၀ မှ ငွေကျပ် ၁၀,၀၀၀,၀၀၀ အထိ ကံထူးနိုင်မည့် အခွင့်အရေး ရယူနိုင်ပါသည်။ ဒါ့အပြင် BOLT ၂၀ ဂရမ် အထုပ်သေး ငါးထုပ် ဝယ်ယူတိုင်း လက်ဖက်ရည်ဇွန်း တစ်ချောင်း မေတ္တာလက်ဆောင်လည်း ပေးမှာဖြစ်ပါတယ်။ အဆိုပါ အထူးအစီအစဉ်များကို မြို့ကြီးများရှိ စူပါမားကတ်နှင့် စတိုးဆိုင်များတွင် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ဝယ်ယူရရှိနိုင်ပါတယ်ရှင်။ ကလေးငယ်များရဲ့ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖွံ့ဖြိုးစေဖို့ BOLT ကို တိုက်ကြပါစို့။