မြင်းခွာရွက်လို့ ကြားလိုက်တာနဲ့ လူနဲ့တည့်ပြီး စားလို့ မြိန်စေမယ့် အရွက်တစ်မျိုးလို့ သိကြမှာပါ။ မြင်းခွာရွက်ရဲ့ မူလကတော့ အိန္ဒိယကပါ။ မြင်းခွာပုံစံ အရွက်လေး ရှိတာကြောင့် မြင်းခွာရွက်လို့ပဲ မြန်မာမှုပြုပြီး ခေါ်ကြပါတယ်။ မြင်းခွာရွက်မှာ ရိုးရိုးမြင်းခွာ၊ အညာမြင်းခွာ၊ ကုလားမြင်းခွာ၊ ဆေးမြင်းခွာ၊ ထိုင်ဝမ်မြင်းခွာဆိုပြီး အမျိုးမျိုး ရှိပါသေးတယ်။ မြန်မာပြည်မှာတော့ အမျိုးအစား အားလုံးစားကြပါတယ်။ ဆေးဖက်ဝင်ပုံတူညီပြီးတော့ ပါဝင်တဲ့ဓာတ်တွေကလည်း အတူတူပါပဲ။

kskhuppi

မြင်းခွာရွက်ကို ဟင်းချို၊ ဟင်းခါးအဖြစ် ချက်စားကြပြီး အစိမ်းလည်းတို့စားသလို အသုပ်အနေနဲ့လည်း စားကြပါတယ်။ နှုတ်မြိန်စေပြီး ဈေးချို တာကြောင့် နှစ်သက်သူ ပေါလှပါတယ်။

အသက်ရှည်ရှည် နေလိုပါက မြင်းခွာရွက်ကို နေ့စဉ် စားပေးသင့်တယ်လို့ဆိုကြပါတယ်။ အစွမ်းထက်တဲ့ မြင်းခွာရွက်ဟာ ဦးနှောက်နဲ့ အာရုံကြောတွေကို ကောင်းမွန်စေပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကိုလည်း သက်သာစေပါတယ်။

မျက်စိကျန်းမာရေးအတွက် အားထားရတဲ့ ဆေးတစ်မျိုး ဖြစ်ပြီး အဆစ်အမြစ် ကိုက်ခဲသူတွေအနေနဲ့လည်း စားသုံးလို့ ရပါတယ်။ မြင်းခွာရွက်ကို နာတာရှည် အဖျားသမားတွေ အတွက် သုပ်ပေးရင် ခံတွင်းပြန်ကောင်းလာစေပါတယ်။

Nam_bai_bua_bok

မြင်းခွာရွက်ခြောက်မှုန့် ၁ဝကျပ်သား ကို ငရုတ်ကောင်းစိမ်း အမှုန့် ၁ကျပ်သား ရောစပ်ပြီး ပျားရည် (အသစ်)ဖြင့် မပျစ်မကျဲ ဖြစ်အောင် ဇွန်းခပ် ကောင်းအောင် ရောတေပြီး ဖန်ပုလင်းဖြင့် သိမ်းထားပါ။ မှိုမတက်အောင် တစ်ပတ်တစ်ကြိမ် နေပူပြပေးပါ။ နံနက်၊ ည ကော်ဖီဇွန်း အသေးတစ်ဇွန်း မှန်မှန်စားသုံး ပေးလျှင် ကျန်းမာပြီး အနာရောဂါ ကင်းစင်၍ အသက်ရှည် စေနိုင်ပါတယ်။  မြင်းခွာရွက်နှင့် ပျားရည်သည် ရှေးနှစ်ပေါင်း ၁ဝဝဝ ကျော်က ပြုစုခဲ့သည့် အာယုဗေဒ ဆေးကျမ်းများစွာ တွင်ပါဝင်သော အသက်ရှည် ဆေးနည်း များတွင် ပါဝင်သည်ကို တွေ့ရသည်။

suuchitthu

မြင်းခွာရွက်ဟာ ဆေးဖက်ဝင်သည် မှန်သော်လည်း တစ်ချို့ ကိုယ်ဝန်ဆောင်သည်တွေနဲ့ မတည့်တာတွေ ဖြစ်တတ်တဲ့ အတွက် သတိထားပြီးမှ စားသုံး သင့်ပါတယ်။ မြင်းခွာရွက်ကို သုပ်သုပ် ချက်ချက် ရေကို စင်အောင် ဆေးသင့်ပါတယ်။

Credit: ageless

Photo Credit: kskhuppi & suuchitthu