ဈေးဝယ်တဲ့အခါ အိမ်ရှင်မတွေဟာ ကောင်းမွန်ပြီးလတ်ဆတ်တဲ့ အသီးအနှံတွေကိုသာ ရွေးချယ်ဝယ်ယူချင်ကြပါတယ်။ တချို့အသီးအနှံတွေကို ဘယ်လိုရွေးချယ်လဲဆိုတာနဲ့ ဘယ်လိုပုံစံ ဆေးကြောသိမ်းဆည်းရမလဲဆိုတာလေးကို မျှဝေပေးထားပါတယ်။
- မုန်လာဥနီ – အရောင်ရင့်လေ ပိုကောင်းလေပါပဲ။
- ဘူးသီး – မ ကြည့်ပါ။ လေးပြီး တစ်နေတာမျိုးက ပိုကောင်းပါတယ်။
- ကြက်ဟင်းခါးသီး – အစိမ်းရင့်ရောင်ရှိလေ ပိုကောင်းလေပါပဲ။
- ခရမ်းသီး – အညိုရောင်ဖြစ်နေရင် မကောင်းပါဘူး။
- ဂေါ်ဖီထုပ် – မ ကြည့်လို့ လေးပြီးတစ်နေရင် ကောင်းပါတယ်။
- ဂေါ်ဖီပွင့် အဖြူ/အစိမ်း – အပေါ်မှာ ညိုပြီးမဲနေရင် မကောင်းပါဘူး။
- ဘိုစားပဲ – ထိပ်လေးကိုချိုးကြည့်ပါ။ ကျိုးသွားရင် လတ်ဆတ်တာပါ ကွေးရုံပဲကွေးတယ်ဆိုရင် မလတ်တော့ပါဘူး။
- အုန်းသီး – အသီးကို လှုပ်ကြည့်ပါ။ အထဲက ရေသံများများ ကြားရရင်ကောင်းပါတယ်။
- ဒန့်ဒလွန်သီး – ကိုင်လိုက်ရင် တင်းတင်းရင်းရင်း ဖြစ်နေတာ စားဖို့ အသင့်တော်ဆုံးပါ။ ပိန်လိမ်နေတာ ဒါမှမဟုတ် ပျော့နေတာဆိုရင် မကောင်းပါ။
- ငရုတ်သီးစိမ်း – သူကတော့ အမြင်နဲ့ ဆုံးဖြတ်လို့ ရပါတယ်။ ဒါပေမယ့် တချို့အတောင့်တွေက အစိမ်းနုရောင် ခပ်ဖျော့ဖျော့ဆို နုနေပါသေးတယ်။ စားရင်မစပ်ပါဘူး။
- ရုံးပတီသီး – အဖျားပိုင်းအချွန်လေးကို ချိုးကြည့်ပါ။ ကျိုးသွားရင်နုပါတယ်။ တချို့ဆိုင်တွေက ပေးမချိုးပါဘူး ဒါဆိုကိုင်ပြီးဖျစ်ကြည့်ပါ။ ပျော့ရင်နုပါတယ်။
- ကြက်သွန်နီ – မဲနေတာမျိုးမဝယ်ပါနဲ့။ အလေးချိန်မစီးချင်ရင်တော့ အညှာကျစ်တာရွေးပါ။
- ငှက်ပျောဖူ – ကိုင်ကြည့်ရင် လေးပြီး တစ်တစ်လေးဖြစ်နေရပါမယ်။ အထဲက ငှက်ပျောသီးအဆံလေးတွေက လတ်ဆတ်နေရပါမယ်။
- ငှက်ပျောပင် – အဖြုရောင်ကို ကြည်ကြည်လင်လင်လေးဖြစ်နေတာဝယ်ပါ။
- အာလူး – ပျော့နေရင်တော့ ဝေးဝေးကရှောင်ပါ။ မကြာခင်မှာ သူက ပုပ်ပါတော့မယ်။ တချို့အာလူးတွေမှာ အမြစ်လေးတွေ ထွက်နေတာတွေ့ဖူးပါလိမ့်မယ်။ ဒါဆို ချက်ဖို့အတွက် မကောင်းပါဘူး။
- သခွားသီး – လတ်ဆတ်တဲ့ သခွားသီးဟာ ပျော့မနေရပါဘူး။
- ကင်ပွန်းချဉ်ရွက်/မန်ကျည်းရွက် – သူကတော့ အမြင်နဲ့တင်ရပါတယ်။ အစည်းကိုကိုင်လိုက်လို့ အရွက်လေးတွေ ကြွေကျနေတယ်ဆိုရင် သိပ်မလတ်တော့ပါဘူး။
- မုန်လာဥအဖြူ – အရွက်စိမ်းတွေပါတယ်ဆိုရင်တော့ ပိုပြီးလတ်ဆတ်ပါတယ်။ အရွက်မပါတဲ့ဟာဆိုရင်တော့ ပျော့နေရင်ရှောင်ပါ။
- အသီးအရွက်တွေကို ပိုးသတ်ဆေးနဲ့ ဓာတုပစ္စည်းတွေရန်က ကင်းစေဖို့ ရေဇလုံထဲမှာ ဆား တစ်ဇွန်းနဲ့ နနွင်းအနည်းငယ် (သို့) မုန့်ဖုတ်ဆော်ဒါတစ်ဇွန်း (သို့) Vinegar တို့ကိုထည့်ပြီး အသီးအရွက်တွေကိုမစားခင် မိနစ် ၂၀ လောက် စိမ်ထားပေးပါ။ ပြီးရင် ရေပြန်ဆေးပြီးမှ ချက်ပြုတ်ပါ။
- ပန်းသီးနဲ့ စပျစ်သီးတွေကိုမစားခင် ရေနွေးကြက်သီးနွေးလေးထဲမှာ ၁နာရီလောက် စိမ်ထားပါ။ ပြီးရင် ရေနဲ့ပြန်ဆေးပြီးမှစားသုံးပါ။ သူတို့ရဲ့ အခွံပေါ်မှာရှိတဲ့ ပိုးသတ်ဆေးတွေကို ဖယ်ရှားဖို့အတွက်ပါ။
- အသီးတွေနဲ့အရွက်တွေကို အခွံနွှာပြီးတဲ့အခါမှာလည်း ထပ်ပြီးတော့ဆေးသင့်ပါတယ်။ အဲ့လို ဆေးလိုက်လို့ အာဟာရဓာတ်တွေ လျော့မသွားစေပါဘူး။
- ပဲသီး၊ ရုံးပတီသီးနဲ့ သခွားသီးလို အသီးမျိုးတွေကို မစားခင် ရေ ၃ ထပ်ဆေးပါ။
- တချို့ဟင်းချက်တဲ့အခါမှာ ကြက်သွန်နီအသေးလေးတွေကို ထောင်းပြီးထည့်ချက်ပါတယ်။ တခါတလေ အဲ့ဒီ ကြက်သွန်နီအသေးလေးတွေက အခွံနွှာရခက်တတ်ပါတယ်။ အဲ့ဒီအခါ ခဏလေး ရေစိမ်ထားပြီးမှ နွှာပါ။
- ကြက်သွန်နီတွေကို အခွံနွှာပြီးတဲ့အခါတိုင်း ရေဆေးပါ။ မှိုတွေကပ်နေတတ်ပါတယ်။
- မုန့်ဟင်းခါးချက်တဲ့အခါ ငှက်ပျောပင်ထည့်ချက်ဖို့အတွက် ငှက်ပျောပင်တွေကိုလှီးပြီး နနွင်းအနည်းငယ်ပါတဲ့ ရေမှာစိမ်ထားပါ။ ဒါမှ မဲမသွားမှာပါ။
- ငှက်ပျောဖူးလှီးတဲ့အခါ အစေးတွေကပ်မနေဖို့ ဒါးမှာ ဆီအနည်းငယ်ဆွတ်ပြီးလှီးပါ။
- အခွံနွှာပြီးသား အာလူးတွေကို ရေထဲမှာစိမ်ထားပါ။ ခဏလေးနဲ့ မဲသွားတတ်လို့ပါ။
- ရုံးပတီသီးတွေကို ဟင်းထဲထည့်ခါနီးမှ လှီးပြီးထည့်ပါ။ သူ့ကိုလှီးမထားပါနဲ့။
- မုန်လာဥအဖြူကို အစိမ်းမစားပါနဲ့။ သုပ်စားမယ်ဆိုရင်လည်း သံပုရာသီးညှစ်ပြီးမှစားပါ။
- ကြက်သွန်နီလှီးတဲ့အခါမမွှန်စေဖို့ အနားမှာဆားအနည်းငယ်ပုံထားပါ။
- အသားတွေနဲ့ အသီးအနှံတွေကို ပလပ်စတစ်အိတ်တွေနဲ့ ကြာကြာသိမ်းမထားပါနဲ့။
- ဈေးဝယ်တဲ့အခါ လိုအပ်သလောက်ပဲဝယ်ယူတာ အကောင်းဆုံးပါ။ ရေခဲသေတ္တာထဲ ကြာရှည်သိမ်းထားပြီး စားသုံးခြင်းဟာ ကောင်းတဲ့အလေ့အကျင့်တစ်ခုမဟုတ်ပါဘူး။
- ဆန်ပုံးတွေထဲကို ငရုတ်သီး အနီတောင့်လေးတွေ ထည့်ထားရင် ပုရွတ်ဆိတ်နဲ့ ပိုးမွှားလေးတွေမလာအောင် အထောက်အကူဖြစ်ပါတယ်။
- မန်ကျည်းသီးကို သစ်သားနဲ့ လုပ်ထားတဲ့ ခွက် ဒါမှမဟုတ် ကြွေထည်နဲ့လုပ်ထားတဲ့ ခွက်တွေထဲမှာ ထည့်သိမ်းတာက အစိုပြန်ခြင်းကို ကာကွယ်ပါတယ်။
- အသီးအရွက်တွေကို ရေခဲသေတ္တာထဲမှာ ထည့်သိမ်းမယ်ဆိုရင်တော့ အဝတ်အိတ်တွေနဲ့ထည့်ပါ။ တစ်ပတ်ထက်ပိုပြီး ကြာကြာမထားပါနဲ့။
- ငရုတ်သီးစိမ်းကို အညှာချွေပြီးမှသိမ်းပါ။
- ဥ (ကန်စွန်းဥ၊ ဝဥ..) နဲ့ အာလူးတွေက ရေခဲသေတ္တာထဲ ထည့်သိမ်းဖို့မလိုပါဘူး။ အခန်းအပူချိန်မှာပဲထားတာ ပိုသင့်တော်ပါတယ်။
- ချက်ပြီးသား ဟင်းတွေကို ၂၄နာရီထက် ပိုပြီးတော့ ရေခဲသေတ္တာထဲမှာ မသိမ်းပါနဲ့။ တစ်နေ့စာ ပမာဏကို ချက်ပြုတ်တာ ပိုကောင်းပါတယ်။
- ရေခဲသေတ္တာထဲမှာ သိမ်းမယ့်အရာအားလုံးကို အပိတ်တွေပဲထားပါ။ ဘူးဆိုလည်း လုံအောင်ပိတ်ထားပါ။ အိတ်ဆိုလည်း ထုပ်ထားပါ။
- ရေခဲသေတ္တာထဲက ယိုဘူးတွေနဲ့သနပ်ဘူးတွေမှာ ဇွန်းတန်းလန်းနဲ့ ဘယ်တော့မှ မထားပါနဲ့။ အဖုံးကိုလုံအောင်ပိတ်ပြီး ပြန်ထည့်ပါ။
- ပူနေသေးတဲ့ အစားအစာတွေကို ရေခဲသေတ္တာထဲ တန်းမထည့်ပါနဲ့။
အိမ်ရှင်မတွေ အတွက် အသုံးတည့်မယ်လို့ ထင်ပါတယ်။ တခြားနည်းလမ်းလေးတွေရှိရင်လည်း မျှဝေပေးခဲ့ကြပါဦးနော်။
အားလုံးပဲ ကျန်းမာကြပါစေ။
Credit: kitchenkathukutty
Photo Credit: Alamy, sparkpeople.com