ချောကလက် စားရင် ဝိတ်တက်မယ်၊ ကျန်းမာရေးအတွက် မကောင်းဘူးလို့ဘဲ ထင်နေကြပေမယ့် ချောကလက်မှာလည်း လူတွေအတွက် ကောင်းကျိုးတွေ ရှိပါတယ်။

ချောကလက် လုပ်တဲ့ ကိုကိုးသီး (Cacao) မှာ စိတ်ဓာတ်ကျမှုကို ပြန်လည်မြင့်တက်စေမယ့် ဓာတ်တွေ အများကြီးပါဝင်ပါတယ်။

အဲ့ဒီ ကိုကိုးသီး မှာ အဓိက အာရုံကြောနဲ့ပတ်သက်တဲ့ ဓာတ် ၃ မျိုးပါဝင်ပြီး အဲဒီဓာတ်တွေက လူတွေကို စိတ်ပျော်ရွှင်စေကာ အကောင်းတွေးစေပါတယ်။ ဒီ ၃ ခုမှာ Serotonin၊ Dopamine နဲ့ Phenylethylamine တို့ဖြစ်ပါတယ်။

ကိုကိုးသီးမှာ အမိုင်နို အက်ဆစ် တိုင်ထိုဖန် နဲ့ Monoamine Oxidase (MAO) တို့ပါဝင်ပါတယ်။ MAO ကို ဆေးဝါးထုတ်လုပ်တဲ့သူတွေက စိတ်ဓာတ်ကျရောဂါရှိသူတွေကို တိုက်တဲ့ဆေးထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ထည့်သွင်းထုတ်လုပ်ခဲ့ကြတာပါ။

နှလုံးရောဂါကိုလည်း ကာကွယ်ပေး

တစ်နေ့ကို ချောကလက် ၆.၇ ဂရမ် စားသုံးရင် နှလုံးရဲ့ ကျန်းမာရေးအတွက် ကောင်းမွန်စေတယ်လို့ Science Daily သတင်းမီဒီယာက ရေးသားဖူးပါတယ်။

ချောကလက်အမည်းတွေ မှာပါဝင်တဲ့ Flavonoids က နိုက်ထရစ် အောက်ဆိုဒ်ကို ထုတ်လုပ်ပေးပြီး သွေးဖိအားကို ထိန်းပေးပါတယ်။

အဲ့ဒီအပြင် ခန္ဓာကိုယ်အတွက်မကောင်းတဲ့ ကော်လက်စထရော (LDL) ကို ၁၀ ရာခိုင်နှုန်းလောက် လျော့ချပေးပါတယ်။

Antioxidants

အမည်းရောင် ချောကလက်တွေက Antioxidants တွေလည်း အများကြီးပါဝင်ပါတယ်။ အမည်းရောင် ချောကလက်တွေက အရသာ ကောင်းရုံသာမကဘဲ ဆဲလ်တွေကို ကာကွယ်ပေးနိုင်တဲ့ Antioxidants တွေ အများကြီးပါဝင်ပါတယ်။ စတော်ဘယ်ရီသီးတွေမှာပါဝင်တဲ့ Antioxidants တွေထက် ၈ ဆလောက်ပိုပြီး ပါဝင်ပါတယ်။

Antioxidants က ဆဲလ်တွေကို မပျက်စီးအောင် ကာကွယ်ပေးတဲ့အပြင် ပျက်စီးသွားတဲ့ ဆဲလ်တွေကို အသစ်ပြန်ဖြစ်အောင် လုပ်ဆောင်ပေးနိုင်တာ ကြောင့် ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်ကာ အရွယ်တင်နုပျိုစေပါတယ်။

Featured Image Source: Quizly