သံလွင်ဆီမှာ အာဟာရဓာတ်တွေ၊ Fatty Acids တွေ၊ ဗီတာမင်ဓာတ်တွေပါဝင်ပါတယ်။ ဒါ့ကြောင့် သင့်ကျန်းမာရေးအတွက် များစွာ အကျိုးကျေးဇူးရှိစေပါတယ်။

ဗိုက်ထဲမှာအစာမရှိခင် မနက်ပိုင်း သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းသောက်ပေးခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

အူမကြီးကိုသန့်စင်ပေးခြင်း

သံလွင်ဆီဟာ ဆဲလ်တွေ ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။အူမကြီးကို ကျန်းမာစေပြီး ဝမ်းချုပ်တာကို သက်သာစေပါတယ်။

အသားအရေနဲ့ ဆံကေသာ၊ လက်သည်းခြေသည်း၊ အရိုးတွေကို ပိုမိုကောင်းမွန်စေခြင်း

သံလွင်ဆီဟာ အသားအရေ၊ ဆံကေသာ၊ လက်သည်းခြေသည်းနဲ့ အရိုးတွေအတွက်ကောင်းမွန်ပါတယ်။ ဆံကေသာကို သန်စွမ်းစေသလို အသားအရေကိုပါကြည်လင်လာစေပါတယ်။

အသဲကို သန့်စင်ပေးခြင်း

အသည်းဟာ ခန္ဓာကိုယ်မှာ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းမှာပါဝင်ပါတယ်။ သင့်ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းကို သန့်စင်ပေးနိုင်လို့ အသဲကိုပါသန့်စင်ပေးပါတယ်။ ပိုပြီးအကျိုးကျေးဇူးရှိချင်ရင်တော့ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သံပယိုရည်အနည်းငယ်ရောပြီး သောက်ပေးလို့ရပါတယ်။

ကိုယ်အလေးချိန်ကျစေခြင်း

Fatty Acid ပါဝင်လို့ ကိုယ်အလေးချိန်ကို ကျစေပါတယ်။

ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း

ဗိုက်ထဲမှာ အစာမရှိခင် သံလွင်ဆီသောက်ပေးခြင်းရဲ့ အကျိုးကျေးဇူးလေးတွေ

သံလွင်ဆီမှာ ပါဝင်တဲ့ Fatty Acid သင့်ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် သံလွင်ဆီကို နေ့စဉ်သောက်ပေးရင် ကျန်းမာတဲ့ နေ့ရက်တွေကိုပိုင်ဆိုင်စေမှာပါ။

နှလုံးကို ကာကွယ်ပေးခြင်း

သံလွင်ဆီဟာ မကောင်းတဲ့ ကိုလက်စထရောကို ကျစေပြီး ကောင်းတဲ့ ကိုလက်စထရောကို တိုးလာစေပါတယ်။

ရောင်ရမ်းမှုကို သက်သာစေခြင်း

သံလွင်ဆီဟာ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။

သွေးတွင်းသကြားဓာတ်လျှော့ကျစေခြင်းသံလွင်ဆီဟာ ကိုလက်စထရောကို ကျစေတဲ့အပြင် သွေးတွင်း ဂလူးကို့စ်ပါဝင်မှုကို လည်း လျှော့ကျစေပါတယ်။ သံလွင်ဆီဟာ ဆီးချိုဝေဒနာရှင်တွေအတွက်ကောင်းမွန်ပါတယ်။

ဦးနှောက်ကို ကာကွယ်ပေးခြင်း

သံလွင်ဆီဟာ ဦးနှောက်အတွက်လိုအပ်တဲ့ အောက်စီဂျင်ကို ပို့ဆောငပေးပါတယ်။ Free Radical ကြောင့် ဆဲလ်တွေပျက်စီးခြင်းကနေ ကာကွယ်ပေးသလို မှတ်ဥာဏ်နဲ့ပတ်သက်တဲ့ ဝေဒနာဖြစ်ပေါ်မှုကို လျှော့ကျစေပါတယ်။