ပြောင်းဖူးဟာ လူတိုင်းနီးပါး စားသုံးတဲ့ အစားအစာ ဖြစ်ပြီး တစ်ကမ္ဘာလုံး စားသုံးကြပါတယ်။ ဆန်၊ ဂံျု ၊ မုယောတို့ ပြီးရင် ပြောင်းဟာ ကမ္ဘာတဝန်းလုံးက သိကြတဲ့ အဓိက အစားအစာ ဖြစ်ပါတယ်။ ပြောင်းဖူးကို မက္ကဆီကိုမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁သောင်းလောက်ကတည်းက စိုက်ပျိုးခဲ့ကြပါတယ်။ ပြောင်းဖူးမှာ အမျိုးအစား ၆မျိုး ရှိပါတယ်။ အပင်ပုံစံကတော့ ကြံပင် အမျိုးအစားနဲ့ တူပြီး အသီးမှာ ပါတဲ့ အစေ့ကို စားရတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ အပင်က ၁၀ပေထိ မြင့်ပါတယ်။ အရွက်ပုံစံကတော့ ရှည်လျားပြီး ခပ်ရှရှ ပုံသဏ္ဍန်ရှိပါတယ်။

ပြောင်းဖူးကို သရေစာ အဖြစ်ရော ဟင်းအဖြစ်ပါ ချက်စားကြသလို တစ်ခြား ထုတ်ကုန်တွေကိုလည်း ထုတ်လုပ်ပါသေးတယ်။ ကမ္ဘာမှာ ပြောင်းဖူးကနေ ထုတ်လုပ်မှု အများဆုံး နိုင်ငံကတော့ အမေရိကန် ဖြစ်ပြီး တရုတ်၊ ဘရာဇီး၊ အာဂျင်တီးနား၊ ယူကရိန်း၊ အိန္ဒိယ၊ မက္ကဆီကို၊ အင်ဒိုနီးရှား၊ ပြင်သစ်နဲ့ တောင်အမေရိက တို့လည်း အဓိက ထုတ်လုပ်ကြပါတယ်။ လူသားတွေရဲ့ လိုအပ်တဲ့ အာဟာရ ဓာတ်ကို ဖြည့်ဆည်းပေးနိုင်တဲ့ အတွက် အကျိုးပြုတဲ့ အစားအစာ တစ်မျိုးပဲ ဖြစ်ပါတယ်။

corn_plant

ပြောင်းဖူးမှာ ဗီတာမင်B1၊ ဗီတာမင်B5၊ ဗီတာမင် C၊ ဖော့စရပ်စ်၊ မဂ္ဂနီစ်နှင့် အမျှင်ဓာတ်များ၊ အမိုင်နိုအက်ဆစ်ဓာတ်နဲ့ အသားဓာတ်များလည်း ပါဝင်ပါတယ်။ပြောင်းဖူး လတ်ဆတ်လေ ပိုကျန်းမာလေပါပဲ။ အာဟာရဓာတ်တွေ မပျယ်သွားတဲ့ အတွက်ကြောင့်ပါ။

street-corn

အမျှင်ဓာတ် ပါဝင်မှု မြင့်မားတာက ပြောင်းဖူးရဲ့ အကြီးမားဆုံး အကျိုးကျေး ဇူးတစ်ရပ်ဖြစ်ပါတယ်။ အမျှင်ဓာတ်က သွေးတွင်း ကိုလက်စထရောအဆင့်ကို လျော့ကျစေပြီး အူမကြီးကင်ဆာ ဖြစ်နိုင် ခြေကို လျော့ကျစေပါတယ်။ အမျှင် ဓာတ်ဟာ ဆီးချိုသွေးချိုရောဂါရှိသူတွေ မှာ သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်။ ပြောင်းဖူးမှာ ပါတဲ့ ဗီတာမင် B1 ဟာ မှတ်ဉာဏ် စွမ်းအားကို တိုးမြင့်စေပြီး အယ်လ်ဇိုင်းမား မဖြစ်အောင် တားဆီးပေးပါတယ်။

corn_receipe

ဆေးလိပ်သောက်သုံးသူတွေ အနေနဲ့ ပြောင်းဖူးကို စားပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပြောင်းဖူးမှာ ပါဝင်တဲ့ ဓာတ်တစ်မျိုးဟာ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ အတွက်ပါ။ ပြောင်းဖူးဟာ  မျကိစ မှုန်ခြင်းနဲ့ မျက်စိ အတွင်းတိမ် အပြင်တိမ် ဖြစ်စေခြင်းတို့ကို တားဆီးပေးနိုင်ပြီး ရောင်ရမ်းနာကျင်တာတွေကိုလည်း သက်သာစေပါတယ်။ ဒါ့အပြင် နှလုံးနဲ့ဆိုင်တဲ့ သွေးကြောကျဉ်းရောဂါနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။  ပြောင်းဖူးဟာ သစ် သီးတွေနဲ့ ဟင်းသီးဟင်းရွက်အများစု ထက် အာဟာရဓာတ် ပိုမိုပါဝင်ပါတယ်။ ဒါကြောင့် ပြုတ်စား သုပ်စားတာတွေက ပိုပြီး အာဟာရဖြစ်စေပါတယ်။