ကြံရည်တော့ လူတိုင်းလိုလိုသောက်ဖူးကြမယ်ထင်ပါတယ်။ တချို့ကတော့ ကြံရိုးကို အခွံခွာပြီး ကြံရည်စုပ်သောက်ကြပါတယ်။
ဆီးချိုဖြစ်ပွားမှုကို လျှော့နည်းစေတယ်
ကြံရည်ကို ဒီအတိုင်းသောက်တာဟာ ဆီးချိုသမားတွေအတွက်ကောင်းမွန်ပါတယ်။ ကြံရည်မှာ ဂလူးကို့စ်ပါဝင်ပေမယ့် Glycaemic ပါဝင်မှုနှုန်းနည်းတဲ့အတွက် ဆီးချိုသမားတွေအတွက် အားဆေးတစ်ခွက်လိုပါပဲ။ ဆီးချိုဖြစ်ပွားမှုကိုလည်းနည်းပါးစေသလို ဆီးချိုသမားတွေလည်း သောက်လို့ရပါတယ်။
ဒဏ်ရာသက်သာစေတယ်
ဓါးရှမိတာဖြစ်ဖြစ် အသေးအမွှားခြစ်မိတာပဲဖြစ်ဖြစ် ကြံရည်ကို လိမ်းလိုက်မယ်ဆိုရင် အနာအကျက်မြန်စေပါတယ်။
ကိုယ်ခံအားစနစ်
ကြံရည်ဟာ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး အအေးမိဖျားနာ အလွယ်တကူဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။ နှလုံး ကျောက်ကပ် ဦးနှောက်နဲ့ အသည်းကျန်းမာရေးအပြင် မျက်လုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။
ကင်ဆာလူနာတွေအတွက် ကောင်းမွန်တယ်
ဖော့စဖောရပ်စ်၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်ဓါတ်တွေပါဝင်လို့ ကင်ဆာတိုက်ဖျက်နိုင်တဲ့ ကြံရည်ဖြစ်ပါတယ်။ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကိုလည်း တိုက်ဖျက်နိုင်ပါတယ်။
ဗီတာမင်နဲ့ သတ္တုဓါတ်ကြွယ်ဝလို့လည်း ကျောက်ကပ်နဲ့ နှလုံးအပြင် ဦးနှောက်ရဲ့လုပ်ဆောင်မှုကိုလည်း ကောင်းမွန်စေပါတယ်။
ကျောက်ကပ်ကျောက်တည်တဲ့လူနာတွေအတွက်ကောင်းမွန်တယ်
ကျောက်ကပ်မှာ ကျောက်တည်တဲ့ဝေဒနာခံစားနေရတဲ့သူတွေအနေနဲ့ ကြံရည်ကိုသောက်ပေးသင့်ပါတယ်။ ကျောက်တည်တာကို ချေဖျက်ပေးနိုင်ရုံသာမက ဆီးစစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။
အလှအပ
Antioxidant တွေပါဝင်လို့ အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ပြီး ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်စေပါတယ်။
သွားကျန်းမာရေး
ကြံရည်ဟာ သွားတွေကိုသန်မာစေပါတယ်။ သွားဝါတာကိုလည်း ပျောက်ကင်းစေပြီး ခံတွင်းကို ကျန်းမာစေပါတယ်။
ရေဓါတ်ဖြည့်ပေးနိုင်ခြင်း
ရေဓါတ်များများပါဝင်လို့ ရေဓါတ်ခမ်းခြောက်မှာစိတ်ပူစရာမလိုပါဘူး။
မျက်လုံး
မျက်လုံးနဲ့ပတ်သတ်လို့ အမြင်အာရုံဝေဝါးတာ၊ အတွင်းတိမ်တာ စတဲ့ ရောဂါအမျိုးမျိုးဖြစ်ပွားမှုကနေကာကွယ်ပေးနိုင်ပါတယ်။ အမြင်အာရုံကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။