ပန်းသီးရှာလကာရည်ကိုရေနဲ့ရောပြီး အိပ်ယာမဝင်ခင်သောက်သုံးတာဟာ ကျန်းမာရေးကို များစွာအထောက်အကူပြုနေပါတယ်။
အစာမကြေခြင်း
ညနေခင်း ဒါမှမဟုတ် အိပ်ခါနီးမှာ အစားများများစားမိလို့ အစာမကြေဖြစနေရင်တော့ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ရောပြီး ရေနွေးနဲ့ အိပ်ယာမဝင်ခင် နာရီဝက်အလိုမှာသောက်ပေးပါ။
အဝလွန်ခြင်း
ပန်းသီးရှာလကာရည်ကိုသောက်သုံးပေးတာဟာ အဆီကျစေပါတယ်။ သုတေသနပြုချက်အရ ဆန်၊Pasta တို့လို ကစီဓါတ်များတဲ့ အစားအစာတွေမှာပါတဲ့ ကယ်လိုရီတွေကို ပန်းသီးရှာလကာရည်က လျှော့ချပေးနိုင်တယ်လို့ဆိုပါတယ်။
ဗိုက်နာခြင်း
ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေနွေးတစ်ခွက်ထဲထည့်ပြီး အိမ်ယာမဝငါခင်သောက်သုံးပေးပါ။ ဗိုက်နာတာကို သက်သာစေမှာပါ။
သွေးတွင်းသကြားဓါတ်
ပန်းသီးရှာလကာရည်ဟာ သွေးတွင်းသကြားဓါတ်ပါဝင်မှုကို လျှော့နည်းစေပြီး ဆီးချိုရောဂါ ၂ မျိုးလုံးကို ကာကွယ်ပေးပါတယ်။
လည်ချောင်းနာခြင်း
ပန်းသီးရှာလကာရည်မှာ ဘက်တီးရီးယားဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေပါဝင်တာကြောင့် လည်ချောင်းနာတာကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပါတယ်။ ပန်းသီးရှာလကာရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို အိပ်မယာမဝင်ခင် ၁ နာရီအလို၊ နာရီဝက်အလို နဲ့ အိပ်ယာမဝင်ခင် သောက်ပေးပါ။ လည်ချောင်းနာတာကို သက်သာပျောက်ကင်းစေမှာပါ။
အာပုပ်ဆော်နံခြင်း
အိပ်ယာမဝင်ခင် ပန်းသီးရှာလကာရည်ကို စားပွဲတင်ဇွန်း တစ် ဇွန်းသောက်ပေးပါ။ ပါးစပ်အတွင်းက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တာ ကြောင့် အာပုပ်ဆော်နံတာကို ပျောက်ကင်းစေပါတယ်။