ဟာာ ဒူးရင်းသီးလား ?

အလုံးကလည်းဆူးတွေနဲ့ အနံကလည်း ဆိုးသေး။ မစားချင်ပါဘူး … ။ အဲ့လိုမထင်လိုက်ပါနဲ့။ ဒူးရင်းသီးဟာ စားတတ်ရင် အရမ်းဆေးဖက်ဝင်ပါတယ်။ ဒူးရင်းသီးစားရင် ဘာတွေဖြစ်မလဲဆိုတော့

Durian

  • အစာခြေစနစ်ကို ကူညီပေးပါတယ်။
  • ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။
  • အမျှင်ဓာတ်ပါတဲ့ စားစရာလည်း ဖြစ်ပါတယ်။
  • သကြားဓာတ်နည်းလို့ ဆီးချိုကို ဟန့်တားပေးပါတယ်။
  • သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်စေပါတယ်။

  • သွေးတိုးခြင်းမှ ကာကွယ်ပေးပါတယ်။
  • Vitamin C လည်း ၈၀% ပါဝင်လို့ ရောဂါဝင်ရောက်မှုကို တားဆီးပေးပါတယ်။
  • ကင်ဆာမဖြစ်အောင်လည်း ဒူးရင်းသီးက တာဝန်ယူပါတယ်။
  • နှလုံးကို ကျန်းမာစေပါတယ်။
  • ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အားအင်ပမာဏကို ထုတ်ပေးနိုင်ပါတယ်။

Durian

  • ဓာတ်တိုးဂုဏ်သတ္တိပါဝင်လို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။
  • အာရုံကြောတွေကို အားကောင်းလာစေပါတယ်။
  • ဦးနှောက်သို့ သွေးစီးဆင်းမှုကို တိုးမြှင့်ပေးလို့ မှတ်ဉာဏ်မေ့လျော့ခြင်းနှင့် အာရုံမစူးစိုက်နိုင်ခြင်းတို့ကို တားဆီးပေးပါတယ်။
  • သက်စောင့်ဓာတ်အနေနဲ့လည်း တာဝန်ယူထားပါသေးတယ်။
  • အယ်ဇိုင်းမားရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးတဲ့ သဘာဝဓာတ်စာလည်း ဖြစ်ပါတယ်။

Durian

ဒူးရင်းသီးဟာ ရာသီစာဖြစ်ခဲ့ပေမယ့်လို့ ခုချိန်မှာ ရာသီမရွေး နေရာမရွေး ဝယ်ယူစားသုံးနိုင်နေပါပြီ။ ရာသီဥတုပူပြင်းတဲ့အချိန်မျိုးမှာ ဒူးရင်းသီး အများကြီး စားတာမျိုး မဖြစ်စေဖို့တော့ ဂရုပြုရပါမယ်။ တန်ဆေး လွန်ဘေးဆိုတဲ့စကားအတိုင်း မများလွန်းတဲ့ ပမာဏလောက်သာ စားသုံးပေးမယ်ဆိုရင် သက်ရှည်ကျန်းမာစေမှာ မလွဲဧကန်ပါပဲရှင်။