မီးလောင်ဒဏ်ရာ၊ ခွဲစိတ်ထားတာ ဒါမှမဟုတ် ဒဏ်ရာအနာတရတစ်ခုခုကြောင့် ခန္တာကိုယ် အစိတ်အပိုင်း တစ်ခုခုမှာ အမာရွတ်တွေရှိနေလား။
အဲဒီအမာရွတ်တွေကို ဘေးထွက်ဆိုးကျိုးကင်းပြီး ပိုက်ဆံလည်း ချွေတာပြီးသားဖြစ်မဲ့ သဘာဝနည်းလမ်းလေးနဲ့ ဖယ်ရှားလို့ရပါပြီ။ နည်းလမ်းလေးကိုသိရဖို့ ဆက်ပြီးဖတ်ကြည့်ပါနော်။
ပါဝင်ပစ္စည်း
Extra Virgin Olive Oil ( သံလွင်ဆီ အသန့်စစ်စစ်) ၁/၄ ခွက်
သန့်စင်တဲ့ သဘာ၀ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
Lavender Essential Oil ( လာဗန်ဒါအရွက်က ထုတ်လုပ်တဲ့ ဆီ) ၄ စက် (Super Market တွေမှာ ဝယ်ယူလို့ ရနိုင်ပါတယ်။)
အုန်းဆီ ၁/၄ ခွက်
ပြင်ဆင်ခြင်း
အိုးတစ်လုံးထဲကို အုန်းဆီထည့်လိုက်ပါ။ အဲဒီနောက် မီးဖိုပေါ်တင်ပြီး အနေတော်အပူပေးပါ။
ပြီးရင် အိုးထဲကို Lavender ဆီ၊ သဘာ၀ ပျားရည် ၊ သန့်စင်တဲ့ သံလွင်ဆီ ထည့်ပြီး ယောင်းမနဲ့ မွှေပေးပါ။ အဲဒီနောက် ပါဝင်ပစ္စည်းတွေအားလုံး သေချာစွာ ရောနှောသွားပြီး ပူလာပြီဆိုရင် မီးဖိုပေါ်ကချပြီး အအေးခံထားပါ။
မကြာခင်မှာပဲ အဲဒီအရည်က အေးသွားမှာဖြစ်ပြီး အရည်ကို ရေခဲသေတ္တာထဲ မိနစ် ၂၀ ခန့်ထည့်ထားပါ။
အဲဒီအရည်ကို အမာရွတ်ရှိတဲ့နေရာမှာ မနက်တစ်ကြိမ်နဲ့ ညနေတစ်ကြိမ်လိမ်းပေးပါ။
ပုံမှန်လိမ်းပေးခြင်းအားဖြင့် ရက်ပေါင်း ၃၀ အတွင်းမှာ အမာရွတ်တွေပျောက်ကင်းသွားပါလိမ့်မယ်။