အခုနောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံကြောင့် လူတွေက စက်ရုံတွေကနေ ထုတ်လုပ်တဲ့ အစားအစာတွေကို ပိုစားလာကြပါတယ်။

ဒီလို အစားအစာတွေက စားသုံးရလွယ်ပြီး၊ အာဟာရရှိပေမယ့် ဆိုးကျိုးတချို့လည်း ရှိပါတယ်။ ဒီလို ဆိုးကျိုးတွေကို ကာကွယ်ဖယ်ရှားနိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။

ဒိန်ချဉ်

Photo Credit: www.brightside.com

သာမန် မြေအိုးဒိန်ချဉ်လိုမဟုတ်ဘဲ အခုနောက်ပိုင်း နိုင်ငံခြားကနေ သွင်းတဲ့ ဒိန်ချဉ်တွေရှိပါတယ်။ ဒါတွေက အရသာလည်းကောင်းပြီး ကြာရှည်လည်းခံပါတယ်။ ဒီလို ကြာရှည်ခံအောင်လည်း ကြာရှည်ခံ ပစ္စည်းတွေအများကြီးထည့်ထားတာလည်း သတိထားစရာပါဘဲ။

အဲ့ဒီအပြင် ဒီလို ဒိန်ချဉ် ၁၀၀ ဂရမ်မှာ သကြားလက်ဖက်ရည်ဇွန်း ၃ ဇွန်းထက်မနည်းပါဝင်နေပါတယ်။ လူတစ်ယောက်ကို တစ်နေ့ကို သကြား လက်ဖက်ရည်ဇွန်း ၆ ဇွန်းထက်ပိုပြီး မစားသင့်ဘူးလို့ ဆိုပါတယ်။ သကြားစားတာများရင် အဝလွန်ခြင်း၊ ဆီးချိုနဲ့ တခြား ရောဂါတွေဖြစ်လာနိုင်ပါတယ်။

သဘာဝ ဒိန်ချဉ်က ခန္ဓာကိုယ်အတွက်ကောင်းပါတယ်။ ဒါ့ကြောင် သဘာဝအတိုင်းထုတ်လုပ်ထားတဲ့ ဒိန်ချဉ်ကိုဘဲ သစ်သီးတွေနဲ့ ပျားရည် တွေနဲ့ တွဲဖက်စားလို့ရပါတယ်။

ကြက်အူချောင်း၊ ဝက်အူချောင်း

Photo Credit: www.brightside.com

ကြက်အူချောင်း၊ ဝက်အူချောင်းတွေမှာ ကြာရှည်ခံပစ္စည်းတွေ၊ အရသာကောင်းအောင် ပြုလုပ်ထားတာတွေက ခန္ဓာကိုယ်မှာ စုလာပြီး ကိုယ်ခံအားစနစ်ကို ဖျက်ဆီးပစ်ပါတယ်။ အဲ့ဒါကြောင် ကင်ဆာရောဂါတွေလည်းဖြစ်နိုင်ချေရှိပါတယ်။

ကြက်အူချောင်း၊ ဝက်အူချောင်းတွေကို ကလေးတွေကို သိပ်မကျွေးသင့်ပါဘူး။ သူတို့ရဲ့ အူတွေက ဓာတုပစ္စည်းတွေပါဝင်မှုများတဲ့ ကြက်အူချောင်း၊ ဝက်အူချောင်းတွေကို လက်ခံနိုင်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး။

ဘီစကစ်

Photo Credit: www.brightside.com

တချို့ ဘီစကစ်လေးတွေက ငန်ငန်လေးတွေနဲ့ စားလို့ကောင်းပါတယ်။ ဒီလို ငံတဲ့ ဘီစကစ်တစ်ချပ်မှာ ဆားဘယ်လောက်ပါဝင်မယ်လို့ ထင်ပါသလဲ။ ဘီစကစ်တစ်ချက်မှာ ဆား လက်ဖက်ရည်ဇွန်း ၃ ဇွန်းလောက်ပါဝင်နေပါတယ်။

တစ်နေ့ကို ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းလောက်ဘဲ စားသင့်တာကြောင့် တစ်ချပ်တည်းတင် စားသင့်တဲ့ ပမာဏထက် ၃ ဆလောက်ပိုနေပါပြီ။ ဒါ့ကြောင့် များများစားမိရင် သွေးတိုးတာ၊ နှလုံး၊ လေဖြတ်၊ အဝလွန်တာအပြင် အယ်ဇိုင်းမားရောဂါတွေလည်းဖြစ်နိုင်ပါတယ်။