သြဇာသီးဆိုတာ မြန်မာလူမျိုးတွေကြားမှာ လူကြိုက်များတဲ့ အသီးတစ်မျိုးပါပဲ။ အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အပင်ဖြစ်ပြီး အရည်ရွှမ်းပြီး သဘာဝအချိုဓာတ်ရှိလို့ အရမ်းအရသာရှိလှပါတယ်။ လိမ္မော်သီးထက် ဗီတာမင် C ပါဝင်မှုပိုများပါတယ်။

လူကြိုက်များတဲ့ သြဇာသီးနဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေကို မျှဝေပေးချင်ပါတယ်။

၁။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး

သြဇာသီးဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေပါတယ်။ ဗီတာမင် B 6 ပါဝင်ပြီး ရာင်ရမ်းမှုကို သက်သာစေပါတယ်။ ဒါ့အပြင် Antioxidant ပါဝင်လို့လည်း လေထုမှာပါဝင်တဲ့ ဘက်တီးရီးယားတွေ မကူးစက်အောင် ကာကွယ်ပေးပါတယ်။

၂။ သွေးဖိအားကျစေခြင်း

သွေးဖိအား မကြာခဏတက်တာဟာ စိတ်ဖိမှုနဲ့ အာဟာရ ညီညွတ်မျှတအောင် မစားတာတွေကြောင့်ပါ။ သွေးဖိအားတက်တတ်တဲ့သူတွေ၊ သွေးတိုးရှိသူတွေအတွက် သြဇာသီးက သင့်တော်ပါတယ်။ ပိုတက်ဆီယမ်ပါဝင်မှုများလို့ သွေးဖိအားကို ပုံမှန်ဖြစ်စေပါတယ်။

၃။ နှလုံးကို ကျန်းမာစေခြင်း

မဂ္ဂနီဆီယမ်ဟာ နှလုံးကြွက်သားတွေကို သက်သောင့်သက်သာဖြစ်စေပါတယ်။ စိတ်ဖိစီးမှုတွေဟာ နှလုံးကို ထိခိုက်စေသလို အလုပ်အလွန်အကျွံလုပ်တာတွေကလည်း နှလုံးအတွက်မကောင်းပါဘူး။ သြဇာသီးကတော့ နှလုံးကိုသက်သောင့်သက်သာဖြစ်စေလို့ သင့်နှလုံးကို ကျန်းမာစေပါတယ်။

၄။ ကိုလက်စထရော ကျစေခြင်း

ကိုလက်စထရော များတာဟာ ကျန်းမာရေးအတွက်မကောင်းပါဘူး။ သင့်ရဲ့ နေထိုင်စားသောက်ပုံတွေကြောင့် ကိုလက်စထေရာတွေကို တက်စေပါတယ်။ သြဇာသီးမှာဗီတာမင် B3ပါဝင်ပြီး မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပါတယ်။

၅။ အစာချေစနစ်ကောင်းမွန်စေခြင်း

အမျှင်ဓာတ်နဲ့ ကြေးနီဓာတ်ပါဝင်ပြီး အစာချေစနစ်ကို ကောင်မးွန်စေပါတယ်။ ဝမ်းချုပ်ခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်းကို သက်သာစေပါတယ်။ သြဇာသီးကို ခွဲလိုက်ပြီး ရေနဲ့ ရောပြီးသောက်မယ်ဆိုရင်လည်း ဝမ်းသွားတာကို သက်သာစေပါတယ်။

၆။ ကိုယ်ဝန်ဆောင်အတွက်ကောင်းမွန်ခြင်း

ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ကျန်းမာရေးအတွက် အဓိကကျတဲ့ဖောလိတ်အက်ဆစ်ပါဝင်ပါတယ်။ ဒါ့ကြောင့် ကလေးနဲ့ မိခင်ကို ကျန်းမာစေမှာပါ။