ကိုယ်အလေးချိန် လျှော့ချတယ်ဆိုတာ သိပ်တော့ မလွယ်လှပါဘူး။ အထူးသဖြင့်တော့ သရေစာကို အရမ်းစားတဲ့သူတွေအတွက်ပေါ့။ တနေ့တနေ့ အလုပ်တွေနဲ့ အချိန်မအားလပ်တဲ့ အိမ်ရှင်မတွေရော လူငယ်တွေရော လေ့ကျင့်ခန်းကို ပုံမှန် လိုက်စားဖို့က မဖြစ်နိုင်ပါဘူး။

အချိန်တိုအတွင်းမှာ ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့ ခေတ်မှီတဲ့ နည်းလမ်းတွေ ရှိနေပေမဲ့ ဈေးကြီးပေးရပြီး လူတိုင်းနဲ့လည်း အလုပ်မဖြစ်ပါဘူး။

hypothyroidism-weight-loss-722x406

ဒါပေမဲ့ စိတ်မပူပါနဲ့နော်။ ကျန်းမာရေးကို အထောက်အကူပြုစေမဲ့အပြင် အဆီတွေကို လောင်ကျွမ်းစေနိုင်တဲ့ သဘာဝအဆီကျဖျော်ရည် ပြုလုပ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ဒီနည်းလမ်းလေးကို ကိုယ်အလေးချိန်ကို ၂၂ ပေါင်လောက်ထိ လျှော့ကျစေမှာပါ။ တခြားတော့မဟုတ်ပါဘူး ထုံးစံအတိုင်း ကိုယ်အလေးချိန် လျှော့ချရာမှာရော အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါအထောက်အကူဖြစ်တဲ့ ပါဝင်ပစ္စည်းတွေကို အသုံးပြုရမှာဖြစ်ပါတယ်။

che-kem-chong-nang-tu-rau-diep-ca-va-lo-hoi

honey-e1466949121875lemon_2964364b

ပါဝင်ပစ္စည်း

ရေ (၁) ခွက်

ရှားစောင်းလက်ပက်အနှစ် စားပွဲတင်ဇွန်း ၂ ဇွန်းကနေ ၃ ဇွန်း

သံပုယိုသီးအရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ginger-health-benefits-uses-ginger-powder

segelas-air-putih

ပြင်ဆင်ခြင်း

ရေထည့်ထားတဲ့ ခွက်ထဲမှာ ရှားစောင်းလက်ပက်ထည့်ပါ။

အဲဒီနောက် အထက်မှာဖော်ပြထားတဲ့ တခြားပါဝင်ပစ္စည်းတွေကိုထည့်ပြီး သေချာမွှေပေးပါ။

အဲဒီဖျော်ရည်ကို မနက်ခင်းမှာလုပ်ပြီး အစားစားချင်းသောက်တာက ပိုပြီး အကျိုးထူးစေမှာဖြစ်ပါတယ်။