တစ်ခါတစ်လေမှာ အစားမှားတာကြောင့်ပဲဖြစ်ဖြစ် ဝမ်းလျှောနေတာမျိုးတွေကို ကြုံတွေ့နေရတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးကို ပိုပြီးတော့မဆိုးရွားလာစေဖို့ စားသောက်တဲ့စနစ်ကိုလည်းထိန်းထားနိုင်ဖို့လိုပါတယ်။

အစားအသောက်ထပ်ပြီးတော့ မှားလိုက်တာနဲ့ပိုပြီးတော့ ဆိုးရွားလာမှာဖြစ်တဲ့အတွက်ကြောင့် ဝမ်းလျှောနေတဲ့အချိန်မျိုးမှာ မစားသင့်တဲ့အစားစာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

နွားနို့

နွားနို့မှာပါဝင်နေတဲ့သကြားဓာတ်က ဝမ်းလေ ျှာနေတဲ့အချိန်မှာသောက်မိသွားရင် အခြေအနေတွေကို ပိုပြီးတော့ဆိုးရွားလာစေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းလျှောနေပြီဆိုရင် နွားနို့နဲ့ တခြားနို့ထွက်ပစ္စည်းတွေကို စားသုံးခြင်းကနေ ရှောင်ဖို့လိုအပ်ပါလိမ့်မယ်နော်။

စပ်တဲ့အစားစာ

ဝမ်းလျှောနေတဲ့အချိန်မှာ စပ်တဲ့အစားစာတွေကိုစားတာက လုံးဝကိုမလုပ်သင့်ပါဘူး။ ဒီလိုမျိုးစပ်တဲ့အစားစာတွေက အစာအိမ်ကိုထိခိုက်လာစေနိုင်ပြီး ဝမ်းလျှောနေတဲ့အချိန်တွေဆိုရင် အရမ်းကိုအန္တရာယ်များလွန်းပါတယ်။

ကော်ဖီ

ဘာကြောင့် ဗိုက်ထဲမှာ အစာမရှိခင်မှာ ကော်ဖီမသောက်သင့်သလဲ

ကဖင်းဓာတ်သိပ်မပါဝင်နေတဲ့ ရေနွေးကြမ်းတို့၊ ချင်းရည်တို့က ဒီလိုအချိန်မျိုးမှာ ခံစားနေရတာတွေကို သက်သာပြေလျော့စေနိုင်ပေမယ့် ကဖင်းဓာတ်တွေပါဝင်နေတဲ့ ကော်ဖီကိုတော့မသောက်သုံးဖို့ အကြံပေးချင်ပါတယ်။ အစာချေစနစ်ကိုပျက်စီးစေနိုင်တဲ့အပြင် အခြေအနေတွေကိုလည်း ပိုပြီးဆိုးရွားစေနိုင်ပါတယ်။