၁။ ငါး

ဆာလမွန်၊တူနာ၊ငါးသလောက် စတဲ့ ငါးတွေဟာ အဆီအက်စစ် Omega 3 ကြွယ်ဝတဲ့အတွက် အသားအရေကို စိုပြေစေပြီး သန်မာစေပါတယ်။

15515756_383306732003125_103563389_o-gif

၂။ အခွံမာသီးများ

အခွံမာသီးတွေဟာ Vitamin E ကြွယ်ဝပြီး အသားအရေကို ထိန်းသိမ်းပေးပါတယ်။ Vitamin E ဟာ အရေပြားဆဲလ် ပျက်စီးခြင်မှကာကွယ်ပေးပြီး UV ဒဏ်မှလည်းကာကွယ်ပေးပါတယ်။

15409655_383306705336461_816448717_o

၃။ ထောပတ်သီး

ထောပတ်သီးမှာလည်း Vitamin E ကြွယ်ဝတဲ့အတွက် အသားအရေကို အစိုဓာတ်ပေးရုံသာမကပဲ အရွယ်အတိုင်ခင် ရင့်ရော်ခြင်းမှ ကာကွယ်ပေးပါတယ်။

15409445_383307738669691_1415508896_o1

၄။ ကန်စွန်းဥ

Vitamin A ကြွယ်တဲ့ ကန်စွန်းဥဟာ ပျက်စီးသွားတဲ့ အရေပြားဆဲလ်တွေကို ပြုပြင်ပေးရုံသာမက နုပျိုစေပါတယ်။

15451248_383306655336466_103690262_n

၅။ သံလွင်ဆီ

သံလွင်ဆီဟာ ကျန်မာရေးရဲ့ အရေးပါဆုံးဆီဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးပြီ နှင်းခူရောဂါမှလည်း ကာကွယ်ပေးပါတယ်။

15515807_383306668669798_1159218863_o

၆။ သခွားသီး

ရေဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်ထဲမှာပါဝင်တဲ့ သခွားသီးဟာ ဆီလီကာ (Silica) ကြွယ်ဝပါတယ်။ထို့အကြင် ဗီတာမင် အေ ပါဝင်တဲ့အတွက်လည်း အသားအရေကို ချောမွတ်ဝင်းပစေပါတယ်။

15493884_383307735336358_1860595239_n

အထက်ပါအစားအစာတွေကို ဆောင်းတွင်းအချိန်မှာ စားပေးရင် သင့်အရေပြားအတွက် စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့် ဆားလေးတဲ့အစားအသောက်တွေကိုတော့ရှောင်ပေးပါ။