အဆိပ်အတောက်နှင့် အညစ်အကြေးများ ပြည့်နှက်နေသော လေကို ရှူရှိုက်မိခြင်းနဲ့ ကျန်းမာရေးနဲ့ မညီညွှတ်သော လူနေမှုပုံစံက သင့်ရဲ့ အဆုတ်ကို ထိခိုက်ပျက်စီးစေတတ်ပါတယ်။ အဆုတ်ပျက်စီးသွားပါက အသက်ရှူစနစ်အတွက် အနှောင့်အယှက်ဖြစ်စေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဝင်ရောက်လာတတ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ အဆုတ်ကို ကျန်းမာအောင်ထားနိုင်ဖို့အတွက် ကျန်းမာရေးနဲ့ ညီညွှတ်သော အစားအစာများ စားသုံးခြင်း၊ ကျန်းမာသော လူနေမှု ဘဝပုံစံအတိုင်း ရှင်သန်နေထိုင်ခြင်း စတဲ့ အလေ့အကျင့်ကောင်းတွေကို မွေးမြူသင့်ပါတယ်။

အခုဆက်ဖော်ပြပေးမှာကတော့ အဆုတ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် အစားအစာတွေပဲဖြစ်ပါတယ်။

ကြက်သွန်ဖြူ

တရုတ်သုတေသနပညာရှင်ကြီးတစ်ဦးရဲ့ လေ့လာတွေ့ရှိချက်အရ ကြက်သွန်ဖြူစားသုံးခြင်းက အဆုတ်နဲ့ ပတ်သက်သော ဝေဒနာခံစားနေရသော လူနာများ၊ အဆုတ်ကင်ဆာ ခံစားနေရသော လူနာများအတွက် ကောင်းကျိုး အမြောက်အမြားဆောင်ကျဉ်းပေးနိုင်တယ်လို့ လေ့လာတွေ့ရှိထား ပါတယ်။

ဟင်းနုနွယ်

ဟင်းနုနွယ်ကို တစ်နေ့ ဟင်းတစ်ခွက်စာခန့် စားသုံးခြင်းက ကိုယ်ခံစွမ်းအားကို တိုးမြှင့်စေပြီး အဆုတ်အားကောင်းစေတယ်လို့ သိပ္ပံပညာရှင်များက အကြံပြုထားပါတယ်။

ပန်းသီး

ပန်းသီးထဲမှာ ပါဝင်တဲ့ Antioxidants နဲ့ Phytochemicals များက ပန်းနာရင်ကြပ်ရောဂါ၊ ကင်ဆာရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတို့ ဖြစ်ပွားခြင်းကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်။ တစ်နေ့ကို ပန်းသီးတစ်လုံး ပုံမှန်စားပေးခြင်းက သင့်အဆုတ်ကို ကျန်းမာစေမှာပဲဖြစ်ပါတယ်။

သဘာဝအဆီဓာတ်ကြွယ်ဝသော ငါးများ

ငါးကြီးဆီ မှီဝဲခြင်း၊ သဘာဝအဆီဓာတ်ကြွယ်ဝသော ငါးများ စားသုံးခြင်းကလည်း သင့်ရဲ့အသက်ရှူစနစ်ကို ကောင်းမွန်စေပြီး အဆုတ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

ဂျင်း

အအေးမိခြင်း၊ လည်ချောင်းနာခြင်းတို့အတွက် အထိရောက်ဆုံးအိမ်တွင်းဆေးဝါးကတော့ ဂျင်းပဲဖြစ်ပါတယ်။ ဂျင်းက အအေးမိခြင်းအပြင် ပန်းနာရင်ကြပ်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ သွေးတိုးခြင်း အစရှိတဲ့ရောဂါတွေကိုလည်း ကာကွယ်ကုသပေးနိုင်ပါတယ်။

ဂျင်း တစ်လက်မပတ်လည်အရွယ်အစားခန့်ကို အမှုန့်ဖြစ်အောင် ကြိတ်ချေပြီးနောက် မိမိသောက်နေကျ မနက်ခင်းအချိုရည်ထဲ ထည့်သောက်ရုံနဲ့တင် သင့်အတွက် ကောင်းကျိုးအမြောက်အမြား ဆောင်ကျဉ်းပေးမှာပဲဖြစ်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ ပန်းဂေါ်ဖီစိမ်းထဲမှာ SFN လို့ခေါ်တဲ့ Antioxidant တစ်မျိုး ကြွယ်ဝစွာပါဝင်ပြီး ထို Antioxidant က အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာရောဂါများကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။

အဆုတ်အားကောင်းစေတဲ့ အခြားအစားအစာတွေကတော့ Grapefruit သီး၊ နနွင်းမှုန့်၊ ထောပတ်သီး၊ ငရုတ်ပွအနီနဲ့ ငရုတ်သီးတို့ပဲဖြစ်ပါတယ်။

Source: stylecraze.com