သင် စားသုံးတဲ့အစားအစာများကို ကြည့်ခြင်းအားဖြင့် သင်က ကျန်းမာရေး လိုက်စားသူလား။ ကျန်းမာရေး ချူချာသူလားဆိုတာကို သိရှိနိုင်ပါတယ်။ မိမိကိုယ်တိုင်က သိလျက်နဲ့ဖြစ်စေ မသိပါဘဲနဲ့ဖြစ်စေ စားသုံးမိလိုက်တဲ့အစားအစာတွေကြောင့် စိတ်မတည်မငြိမ်ဖြစ်ခြင်း၊ စိတ်ဖိစီးမှု ခံစားရခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။

ထိုစိတ်ဖိစီးစေတဲ့အစားအစာများကို ရှောင်ကြဉ်နိုင်ပြီး ကျန်းမာတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဒီဆောင်းပါးလေးကနေတဆင့် ဝေမျှပေးလိုက်ရပါတယ်။

သစ်သီးဖျော်ရည်များ

သစ်သီးဖျော်ရည်တွေကို ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွှတ်တယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ သစ်သီးတွေကို ဖျော်ရည်အဖြစ်ပြောင်းလဲလိုက်တဲ့အခါ သူ့ရဲ့အမျှင်ဓာတ်တွေ ဆုံးရှုံးသွားတတ်ပါတယ်။ ဒါ့အပြင် ဖျော်ရည်အရသာ ပိုမိုကောင်းမွန်ဖို့အတွက် သကြား ထည့်ဖျော်ရတဲ့အတွက်ကြောင့် သကြားဓာတ်များကို သင်ကိုယ်တိုင် မသိလိုက်ပါဘဲနဲ့ စားသုံးမိနေပါတယ်။ အကျိုးရလဒ်အနေနဲ့ကတော့ ဗိုက်ဆာလွယ်ခြင်း၊ ဒေါသထွက်လွယ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

ဒါ့ကြောင့် သစ်သီးဖျော်ရည်သောက်မယ့်အစား ရိုးရိုးရေသောက်ပြီး လတ်ဆတ်တဲ့သစ်သီးများကိုသာ စားသုံးပေးရပါမယ်။

ဒိုးနတ်

အချိုကြိုက်တဲ့သူတွေအတွက်ကြောင့် ဒိုးနတ်က အင်မတန်စားလို့ကောင်းတဲ့ သွားရေစာမုန့်တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်လှုပ်ရှားခြင်းနဲ့ စိတ်ဖိစီးမှုတို့ကို ဖယ်ရှားချင်တယ်ဆိုရင်တော့ ဒိုးနတ်စားမယ့်အစား ချောကလက် စားပေးနိုင်ပါတယ်။

Ketchup

ကြက်သားကြော်၊ အာလူးကြော် စတဲ့ အကြော်စာတွေ စားတဲ့အခါ Ketchup နဲ့ တွဲစားလေ့ရှိကြပါတယ်။ Ketchup မှာ သကြားပါဝင်မှု မြင့်မားတဲ့အပြင် ဓာတုဆိုးဆေးတွေလည်း ပါဝင်တဲ့အတွက်ကြောင့် စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် Ketchup စားမယ့်အစား သဘာဝငရုတ်သီးထောင်းနဲ့ တို့စားသင့်ပါတယ်။

ဝက်အူချောင်းနှင့် ဝက်ပေါင်ခြောက်

ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ ဝက်ဆားနယ်ခြောက်တို့မှာ စိတ်ကျန်းမာရေးအတွက်သာမက ကိုယ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တဲ့ ဆိုဒီယမ်ဓာတ်များ ပါဝင်နေပါတယ်။ ဒါ့ကြောင့် ထိုကြာရှည်ခံအသားတွေအစား လတ်ဆတ်တဲ့အသား၊ ငါးများကိုသာ စားသုံးသင့်ပါတယ်။ လတ်ဆတ်တဲ့ အသား ငါးများကသာ သင့်ရဲ့စိတ်ဖိစီးမှုကို လျော့ချပေးနိုင်ပါတယ်။

Source: Brightside.me