ဆီးချိုရောဂါသည် မိမိတို့ခန္ဓာအတွင်းရှိ အသည်း၊ မျက်လုံး၊ နှလုံး နှင့် အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံး အပေါ် တဖြည်းဖြည်းချင်း သက်ရောက်မှုရှိလာနိုင်သည့် ရောဂါတစ်မျိုးဖြစ်ပါသည်။ မိမိတို့ စားသောက်မှုပုံစံပေါ်မူတည်၍ ရောဂါဖွံ့ဖြိုးမှုကို ထိန်းချုပ်ပေးနိုင်သလို ရောဂါပျံ့နှံ့မှုကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ တကယ်တမ်းတွင် ဆီးချိုသမားများသာမက အခြားနာတာရှည်ရောဂါရှင်များ၏ ရောဂါဖြစ်ပွားရခြင်း၏ နောက်ခံအကြောင်းအရင်းမှာ အစားအသောက်ညီညွတ်မှုမရှိခြင်းပင်ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း အောက်ဖော်ပြပါ အစားအစာများကို စားသောက်ခြင်းက ဆီးချိုရောဂါကို အရှင်းပျောက်ကင်းအောင် မကုသပေးနိုင်ပေမယ့်လည်း ရောဂါဆိုးရွားလာမှုမှ ကာကွယ်ဟန့်တားပေးနိုင်သည့်အတွက် မှတ်သားထားနိုင်ရန် ဝေမျှပေးလိုက်ရပါတယ်။

၁။ သစ်ကြံပိုးခေါက်

Cinnamon

သစ်ကြံပိုးခေါက်မှာပါဝင်သည့် အစိတ်အပိုင်းများဟာဆိုရင် ခန္ဓာကိုယ်အတွက် ဂလူးကို့စ်ဖြစ်တည်မှုကို အားပေးပြီး ကိုလက်စထရောကို လျော့ချပေးပါတယ်။ သစ်ကြံပိုးခေါက်အမှုန့်ကို လက်ဖက်ရည်ဇွန်းနှင့်တစ်ဇွန်း မှန်မှန်မှီဝဲပေးခြင်း က သွေးချိုဖြစ်ပွားမှုပမာဏကို လျော့ကျသွားစေနိုင်ပါသည်။

၂။ ကန်စွန်းဥ

Sweet Potatoes

ကန်စွန်းဥများသည် ကစီဓာတ်ပါဝင်သော အသီးအနှံတစ်မျိုးဖြစ်ပြီး ဗီတာမင်အေ၊ ဗီတာမင်စီ၊ ပိုတက်စီယမ်နှင့် ဖိုက်ဘာ အစရှိသော သတ္တုဓာတ်အမျိုးမျိုး ပေါင်းစပ်ပါဝင်ပါတယ်။ ထိုဓာတ်ပေါင်းတွေက သွေးချိုပမာဏကို ထိန်းချုပ်ပေး နိုင်ပါတယ်။ ဆီးချိုသမားများသည် အခြားအာလူးများအစား ဂလိုင်စီမစ်ပါဝင်မှုနည်းပါသည့် ကန်စွန်းဥကို အစားထိုး၍ စားသုံးပေးနိုင်ပါတယ်။

၃။ ပဲသီးများ

beans

ပဲသီးများသည် ဖိုက်ဘာ၊ သတ္တုဓာတ်၊ မဂ္ဂနီဆီယမ် နှင့် ပိုတက်စီယမ်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်သည့် အသီးအနှံတစ် မျိုး ဖြစ်ပါသည်။ ထိုပါဝင်သည့် သတ္တုဓာတ်အားလုံးသည် ဆီးချိုသမားများအတွက် အလွန်အရေးကြီးပါတယ်။ ထို့အပြင် ပဲသီးများသည် အစာစားပြီးသည့်အခါမှာ အစာချေစနစ်ကို နှေးစေသည့်အတွက် ဆီးချိုပမာဏကို ထိန်းနိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။

၄။ ငါး

fish

အိုမီဂါသရီး မြင့်မားစွာ ပါဝင်သည့် ငါးများသည် ဆီးချိုရောဂါခံစားနေရသူများ နေ့စဉ်ပုံမှန်စားသုံးသင့်သည့် အစားအစာများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ငါးများတွင် ပရိုတင်းဓာတ် အမြောက်အမြားပါဝင်ပြီး အဆီဓာတ်များစွာပါဝင်သည့် အသားများနေရာတွင် အစားထိုးစားသုံးပေးနိုင်ပါသည်။

၅။ ဂျုံ

ဂျုံနှင့်ပြုလုပ်ထားသည့် အစားအစာများတွင် မဂ္ဂနီဆီယမ်၊ ခရိုမီယမ်၊ အိုမီဂါသရီး နှင့် အခြားသော အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ဂျုံအစားအစာများက သွေးချိုပမာဏကို ထိန်းညှိပေးပြီး သွေးပေါင်ချိန်တက်မှုနှင့် ကိုလက်စထရောကို လျော့ချပေးမှာဖြစ်ပါတယ်။

၆။ သံလွင်ဆီ

AN257-Pouring-Olive-Oil-732x549-thumb

သံလွင်ဆီတွင် နှလုံးရောဂါဖြစ်ပွားမှုကို လျော့ချပေးမည့် ဓာတ်သတ္တုများ မြောက်မြားစွာ ပါဝင်နေပြီး သွေးချိုပမာဏကို ထိန်းသိမ်းပေးနိုင်မှာဖြစ်ပါတယ်။ သံလွင်ဆီဟာ ကိုယ်အလေးချိန်ကျဆင်းစေသဖြင့် အဝလွန်နေသည့် ဆီးချိုရောဂါသည်များအတွက် မရှိမဖြစ်လိုအပ်ပါတယ်။

၇။ ဒိန်ချဉ်

Homeade-healthy-yogurt

ပရိုတင်း၊ ဗီတာမင်ဒီ နှင့် ကယ်လ်စီယမ်ဓာတ်တို့ ကြွယ်ဝသည့် ဒိန်ချဉ်ကို စားသုံးပေးခြင်းက သွားနှင့်အရိုးကို သန်မာထွားကြိုင်းစေပါတယ်။ အစားအစာကိုသာ ဂရုတစိုက်စားသုံးပေးရုံသာမက လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းက ဆီးချိုပမာဏကို ထိန်းချုပ်ပေးနိုင်ပြီး ကျန်းမာကြံ့ခိုင်သော ကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။