မဂ်လာပါရှင်။ ကျွန်မတို့ လူသားတွေအားလုံး ခေါင်းကိုက်တာ၊ ဖျားနာတာ၊ ဝမ်းပျက်တာမျိုး နေထိုင်မကောင်းတာမျိုး ကြုံရဖူးမှာပါ။ အဲဒီလိုဖြစ်တာဟာ သင့်ခန္ဓာကိုယ်က ပုံမှန်လုပ်ဆောင်မှုကို ၁၀၀% မလုပ်ဆောင်နိုင်ပါဘူး။ ဥပမာ အာဟာရဓာတ်စုပ်ယူမှု (သို့) ခန္ဓာကိုယ်အတွင်း အဆိပ်အတောက် တွေကို ပြန်ပြီးရှင်းပစ်ဖို့တွေ မလုပ်ဆောင်နိုင်ပါဘူး။

ဒ့ါကြောင့် အမြဲတမ်းကျန်းမာနေစေဖို့ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားလိုက်ရအောင်။

အစာလည်းဆေးလည်းအစာဆိုသလိုပဲ ကိုယ်စားလိုက်တဲ့အစားအစာဟာ ကိုယ့်ကျန်းမာရေးအတွက် အရေးပါပါတယ်။ သင့်ကို ပိုပြီး ခွန်အားပြည့်ဝ စေပြီး တက်ကြွစေသလို ကျန်းမာရေးအတွက်လည်း ပိုပြီးအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သဘာဝအတိုင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးမယ့် အစားအစာတွေကို မျှဝေပေးပါမယ်။

နိုကိုဥ

Beets-and-beetroot-juice-benefits

နိုကိုဥကတော့ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး သွေးကြောကို သန့်စင်ပေးနိုင်ပါတယ်။ အသည်းကို ပိုပြီးကျန်းမာစေသလို အသည်းကိုလည်းသန့်စင်ပေးတာကြောင့် အသည်းရဲ့လှုပ်ဆောင်မှုကိုကောင်းမွန်စေပါတယ်။

သံပုယိုသီး

သံပုယိုသီးကလည်းဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီး သင့်အသည်းကိုသန့်စင်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်း ကအဆိပ်အတောက်တွေကိုဖယ်ရှားပေးလို့ ရေနွေးပူပူနဲ့ သံပုယိုသီးကို ပါးပါးလှီးထည့်စိမ်ပြီးသောက်ပေးနိုင်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

ပန်းသီး

ပန်းသီးမှာ အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်လို့ အဆိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်။ အထူးသဖြင့်တော့ အူလမ်းကြောင်းနဲ့ အစာချေလမ်းကြောင်းကိုကျန်းမာစေပါတယ်။

Blueberry သီးတွေ

Bowl-of-blueberries-1836

သင့်ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့ အကောင်းမွန်ဆုံး အစားအစာတစ်မျိုးဖြစ်ပါတယ်။ နာကျင်မှုကို သက်သာစေတဲ့ အသီးတစ်မျိုးဖြစ်ပြီး ရောင်ရမ်းမှုကို သက်သာစေပါတယ်။ ကျောက်ကပ်ကိုလည်းကျန်းမာစေပါတယ်။

နှမ်းကြတ်စေ့

နှမ်းကြတ်စေ့မှာ Omega-3 Fatty Acid ပါဝင်ပြီး သင့်ခန္ဓာကိုယ်ကျန်းမာရေးအတွက် များစွာအကျိုးကျေးဇူးရှိပါတယ်။

အခုဖော်ပြခဲ့တဲ့အစားအစာတွေကို အစိမ်းစားတာဟာ ပိုပြီးထိရောက်ပါတယ်။

ဖျော်ရည်သောက်မယ်

4-beet-juice

ပါဝင်ပစ္စည်း

နုကိုဥ ၁ ခွက် (၁၂၅ ဂရမ်)

ပန်းသီး ၁ လုံး

သစ်တော်သီးအသေး ၁ လုံး

ပန်းသီးဖျော်ရည် ၁ ခွက် (၂၅၀ မီလီလီတာ)

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို ကျိတ်စက်ထဲထည့်ပြီး ကျိတ်လိုက်ပါ။ တကယ်လို့ အရသာ နည်းနည်းပိုချိုချင်ရင် ပျားရည်ထပ်ထည့်ပါ။ ပြီးရင် မနက်စာ စားပြီးရင်သောက်နိုင်ပါတယ်။ တစ်ပတ်ကို ၂ ကြိမ် (သို့) ၃ကြိမ်သောက်ပါ။