မိန်းကလေးတစ်ယောက်အတွက် ရာသီလာတယ်ဆိုတာက ကျန်းမာရေးနဲ့လည်း သက်ဆိုင်နေပါတယ်။ ကျန်းမာလှပစွာနဲ့နေထိုင်ချင်တယ်ဆိုရင်တော့ ရာသီလာတဲ့အချိန်တွေမှာလည်း သေချာလေးဂရုစိုက်ပြီး နေထိုင်ဖို့ကအကောင်းဆုံးပါ။

ရာသီစက်ဝန်းထဲကိုရောက်သွားတဲ့အချိန်မှာ အရင်ကထက်ပိုပြီးတော့ အစားအသောက်ကို ဂရုစိုက်ပေးနိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ငါးအမျိုးမျိုး

ငါးမှာပါဝင်နေတဲ့ Omega 3 Fatty အက်စစ်က ရာသီလာနေတဲ့အချိန်မှာ ကျန်းမာရေးကောင်းဖို့အတွက် အများကြီးအထောက်အကူပြုနေပါတယ်။ တူနာငါး၊ ဆော်လမွန်ငါး စတာတွေကိုများများစားပေးမယ်ဆိုရင် ရာသီလာနေတဲ့အချိန်တွင်းမှာ ခံစားရတတ်တဲ့ ကိုက်ခဲမှုဝေဒနာတွေကိုလည်း သက်သာစေမှာပဲဖြစ်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးကလည်း ရာသီလာနေတဲ့အချိန်တွင်းမှာ စားပေးဖို့အတွက်အသင့်တော်ဆုံး အသီးအနှံလည်းဖြစ်ပါတယ်။ ငှက်ပျောသီးစားလိုက်မယ်ဆိုရင် ညဘက်တွေမှာကောင်းကောင်း အိပ်ပျော်ဖို့ကိုပဲအထောက်အကူပြုတာမဟုတ်ပဲ ရာသီလာနေတဲ့အချိန်တွင်းမှာဖြစ်တတ်တဲ့ စိတ်ခံစားချက်တွေကိုလည်း သက်သာစေဖို့ ကူညီပေးပါလိမ့်မယ်။

ဒိန်ချဉ်

ဒိန်ချဉ်မှာလည်း များစွာသောကယ်ဆီယမ်ဓာတ်တွေပါဝင်နေတာကြောင့် ရာသီလာနေတဲ့အချိန်တွေမှာ ဖြစ်တတ်တဲ့စိတ်မသက်သာတာမျိုးတွေကို လျော့နည်းသက်သာစေမှာပဲဖြစ်ပါတယ်။

ရေ

ရေများများသောက်ပေးတာကလည်း သင့်အတွက်နေရာပေါင်းစုံကနေ အကျိုးပြုနေပါတယ်။ ပျိုမေတို့ရဲ့ရာသီချိန်တွင်းမှာ အရင်ကထက်ပိုပြီးတော့ ရေသောက်ပေးဖို့လိုအပ်ပါတယ်နော်။ ရေများများသောက်ပေးမယ်ဆိုရင် သင်ခံစားနေရမယ့် နာကျင်မှုတွေကိုလျော့နည်းသက်သာစေပြီး ခန္ဓာကိုယ်ထဲမှာ အညစ်အကြေးတွေ မကျန်နေခဲ့အောင် ကူညီပေးနိုင်ပါတယ်။

နာနတ်သီး

ဒီလိုမျိုး ရာသီလာနေတဲ့အချိန်တွင်းမှာ စိတ်ခံစားချက်တွေကောင်းမွန်နေအောင် အချိုများများစားပေးဖို့လိုပါတယ်။ အချိုတွေထဲမှာမှ နာနတ်သီးကစားပေးဖို့ အသင့်တော်ဆုံးဖြစ်တာကြောင့် စားကြည့်သင့်ပါတယ်နော်။

အခုဖော်ပြပေးထားတာတွေကတော့ ပျိုမေတို့ရဲ့ကျန်းမာရေးအတွက် တစ်လမှာတစ်ခါဖြစ်တဲ့ ရာသီစက်ဝန်းတွင်းမှာ စားပေးသင့်တဲ့ အစားစာတွေပဲဖြစ်ပါတယ်။

Photo Source: Pexels