ပဒဲကော ဆိုတဲ့ ဟင်းခတ်တစ်မျိုးဟာ လူသိနည်းတဲ့ ဟင်းခတ်တစ်မျိုး ဖြစ်ပါတယ်။ ပဒဲကောဟာ မြန်မာပြည် အနှံ့အပြားမှာ ပေါက်ရောက်ပြီး အဓိက ဟင်းချို၊ ဟင်းခါးတွေ ချက်ရာမှာ အသုံးပြုပါတယ်။ ပဒဲကောမှာ ပဒဲကော၊ ပဒဲကောကြီး၊ ပဒဲကောလတ်၊ ပဒဲကောလေး ဆိုပြီး ၄မျိုး ရှိပါတယ်။ ထိုင်း၊ အင်ဒိုနီးရှား၊ လာအိုနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ ဟင်းခတ်အမွှေးအကြိုင် အဖြစ် အသုံးပြုကြပါတယ်။

lesser-galangal-1

ပဒဲကောပင်ဟာ ဂျင်းပင်နဲ့ ခပ်ဆင်ဆင်တူပြီး အပင်ငယ် အမျိုးအစား ဖြစ်ပါတယ်။ ပဒဲကောမှာ အမြစ်ကိုပဲ အဓိကထား အသုံးပြုတာ ဖြစ်ပါတယ်။ နနွင်းတက်နဲ့ ဆင်တူပြီး အမြှေးလေးတွေ ဖုံး ထားပါတယ်။ ပဒဲကောပင် ၄မျိုးမှာ ပဒဲကောလတ်၊ ပဒဲကောလေးနဲ့ ပဒဲကောတို့မှာ အရသာရော အကျိုးကျေးဇူးပါ တူပါတယ်။ ပူလောင်၊ အခါးနဲ့ စပ်တဲ့ အရသာတွေ ရှိပြီး လေကို ကြွစေပါတယ်။ အချမ်းကို ပြေစေနိုင်ပါတယ်။ ပဒဲကောကြီးကတော့ ပူပြီး စပ်တဲ့ အရသာ ရှိပါတယ်။ အဆစ်ရောင်ရောဂါတွေနဲ့ ဆီးရောဂါကို သက်သာစေပါတယ်။ အော့အန်၊ အစာမကြေ၊ အအေးပတ် ရောဂါ တွေ အတွက် အသုံးဝင်ပါတယ်။

ပဒဲကောကို အဓိက အသုံးပြုတာကတော့ ရခိုင်မုန့်တီနဲ့ အာပူလျှာပူတွေ မှာပါ။ အသုပ်နဲ့ တွဲစားမယ့် ဟင်းချိုတွေမှာလည်း ထည့်ပြီး သုံးကြပါတယ်။ မိုးအေးအေးမှာ ပဒဲကော ခတ်ထားတဲ့ ဟင်းချိုကို သောက်ပေးရင် အအေးသက်သာပြီး ခံတွင်းမြိန်စေမှာပါ။